Unicode
"Tae Tae hyung!"
Jungkookကျောင်းကပြန်ရောက်ရောက်ချင်း အခန်းထဲဝင်ဖို့ကြံကာရှိသေး Yoongi hyungအားတွေ့တာကြောင့် နှုတ်ဆက်လိုက်ပေမယ့် ပြန်ပြုံးပြဖို့နေနေ သူ့ပုခုံးအားတွန်းတိုက်သွားတာကြောင့် နည်းနည်းတော့အံ့ဩမိသည်..ဘာကြောင့်များ ခုလိုလုပ်ရတာလဲမသိပေမယ့် Yoongi hyung သူတို့အခန်းထဲက ထွက်သွားပုံထောက်ရင် ဒါသေချာပေါက် Tae Tae hyungပြန်ရောက်နေလိမ့်မည်..
ဆက်တွေးမနေတော့ဘဲ အခန်းတံခါးအသာဖွင့်ကာ ဝင်လာတော့ Tae Tae hyungကမရှိ..အဲ့အစား ကြမ်းပြင်ပေါ်ရှိ အဝတ်တွေကြောင့် ရေချိုးနေမှန်းသိလိုက်သည်..
လွယ်အိတ်အား စာရေးစားပွဲပေါ်တင်လိုက်ပြီး လျှော်မဲ့အဝတ်တွေအား လိုက်သိမ်းရင်း...
"ကြိုက်လိုက်တာက အသန့်! အဝတ်တွေကျ အမြဲဖြစ်ကတန်းဆန်း ဟင်း~~"
ချပ်!
" ဘာတွေ ပွစိပွစိနဲ့ အဖိုးအိုပေါက်စလေး လုပ်နေတာလဲ?"
"ဟီး~~ဘာမှမဟုတ်ပါဘူး~"
သူရေချိုးခန်းထဲကထွက်လာတာတောင်သတိမထားမိဘဲ နှုတ်ခမ်းလေးလှုပ်စိလှုပ်စိနဲ့ပြောနေသော ကလေးလေးရဲ့အနားတိုးပြောလိုက်တော့ ယုန်သွားလေးတွေပေါ်ပြီး မျက်ဝန်းတွေမှိတ်ကျသည်အထိရယ်ပြသည်..
ဘယ်သူထင်မှာလဲ..
အခုလို ဘာလိုနေနေဖြူစင်လွန်းတဲ့ကောင်လေးက သူ့ရဲ့လုပ်ငန်းကိုပါ ထိခိုက်အောင်လုပ်တယ်ဆိုတာ..!ရေချိုးပြီးခါစမို့ Taehyungတစ်ကိုယ်လုံးတွင် ခါးစပ်နားမှ ခပ်လျော့လျော့ပတ်ထားသည့် သဘက်အဖြူတစ်ထည်သာရှိနေသည်.. ကြမ်းပြင်သို့ စက်တောက်စက်တောက်ကျနေသည့် ရေစက်တွေက Taehyungကိုယ်ပေါ်တွင်လည်း အလုအယက်တင်နေကြသေး။ကျယ်ပြန့်ပြန့်ပုခုံးအောက်က ကြွက်သားအပြည့်နဲ့ရင်အုပ်အစုံ..ပေါင်မုန်လုံးတွေအလား အမြောင်းထနေသည့် ဝမ်းဗိုက်ကြွက်သားတွေက မြင်ရသူကိုဖျားသွားနိုင်စေသည်.. Jungkookအတွက် ထိုအရာအားလုံးဟာ သူတစ်ဦးတည်းအပိုင်သာ..
"လာပါအုံး ကိုယ်ဆီ!"
"ဟုတ် အင့်!"
"လွမ်းနေတာ~"
YOU ARE READING
Slave To You ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22.12.2021 End date - 1. 4.2022 #Nectarine #I don't own photos that contain in this fic.