Ep : 7

3.3K 296 50
                                    


Unicode

"ဗိုက်ဆာနေပြီလား?"

"ဟုတ် ဆာနေပြီ~

ဈေးဝယ်တာက ၃နာရီနည်းပါးလောက်ကြာသွားတာမို့ သူ့အရုပ်ကလေးဗိုက်ဆာနေမည်ကိုစိုးရိမ်ကာ တစ်ခုခုကျွေးရန် မေးလိုက်တော့ ဗိုက်ကလေးပွတ်ကာ ချက်ချင်းပြန်ဖြေလာသည်..
ဟက်..စီးပွားရေးလောကမှာ‌ရော မှောင်ခိုလောကမှာပါ ပြိုင်ဘက်ကင်းတဲ့သူက သူ့အရုပ်ကလေး ဗိုက်ဆာနေတာကို သတိမထားမိလိုက်တာမို့ ဘဝင်မကျပေ..
သူပိုင်တဲ့ အရုပ်ကလေးရဲ့စိတ်ကို မြင်အောင်မကြည့်နိုင်တဲ့ သူက ဘယ်လောက် ညံ့လိုက်တဲ့ သူလဲ?

*‌နောက်ဆို အရုပ်ကလေးရဲ့စိတ်ကို ထိုးဖောက်မြင်နိုင်တဲ့အထိ ကိုယ်ကြိုးစားပါ့မယ်ကွာ*

"အင်း..အိမ်ရောက်ရင် Dinnerစားရမှာဆိုတော့
အခုလောလောဆယ်အဆာပြေစားဖို့ဘဲ လိုက်ကျွေးမယ်.."

"ဟုတ်~"

ကုန်တိုက်ကနေအပြန် စားသောက်ဆိုင်တစ်ခုသို့မောင်းနှင်နေတဲ့ကားပေါ်တွင် ဟိုကြည့်ဒီကြည့်လုပ်ရင်း ကားမှန်မှတစ်ဆင့် မြင်ကွင်းထဲသို့ ဝင်ရောက်လာသော အရာကြောင့် မျက်နှာလေးဝင်းသွားတဲ့ jungkook..

"Tae Tae hyung.. ကားရပ်ပေးလို့ရမလား?"

"ရပ်လိုက်..!!!"

Jungkookပြောလိုက်တာနဲ့ ဘာကြောင့်ဆိုတာမမေးပါဘဲ ကားကိုချက်ချင်းရပ်ခိုင်းလိုက်သည်..
ထို့နောက် ..

"ဆိုပါအုံး ဘာ‌လုပ်ချင်လို့လဲ?"

"ဟီးး ဟိုမှာလေ ငါးပေါင်မုန့်ဆိုင်..အာ့စားချင်လို့~"

Taehyungမေးလိုက်တော့ လမ်းဘေးရှိ street foodဆိုင်လေးအား ညွှန်ပြရင်း ဆိုလာသည်..
ယုန်သွားလေးတွေပေါ်သည်အထိ ပြုံးကာ စားချင်ကြောင်း ပြောလာသော အရုပ်ကလေးက ယုန်ကောင်လေးနဲ့တောင်တူသေး..
ဘယ်လောက်အသည်းယားအောင်လုပ်လုပ် ဒီတစ်ခုတော့ သူလက်မခံပါ..လမ်းဘေးစာတွေမလား သန့်ရှင်းလား မသန့်ရှင်းလားလည်း မသိ..
စားလိုက်မိမှ ဗိုက်အောင့်တာ၊ဗိုက်နာတာတို့ဖြစ်ရင် သူ့အရုပ်ကလေးဘဲ ခံစားရမှာမလား?

"မစားရဘူး လမ်းဘေးစာတွေ.."

"Tae Tae hyungကလည်းး~~"

Slave To You  ( Taekook ) ( Completed )Where stories live. Discover now