Chapter: 1

40.2K 2.2K 229
                                    

(Volume one: နန်ဒူမိန်းကလေးအထက်တန်းကျောင်း)

Unicode

မနက်အစောပိုင်းနေရောင်ခြည်ဟာ အခန်းလယ်က အိပ်ရာကြီးကို ဗဟိုပြုပြီး အခန်းရဲ့ထောင့်တိုင်းမှာ အလင်းရောင် ဖြာကျနေတယ်။

အရမ်းကို သက်တောင့်သက်သာရှိပုံရတဲ့စောင်က ရှုပ်ထွေးနေတဲ့အိပ်ရာပေါ်က အလွန်သိမ်မွေ့လှပတဲ့ ဆယ်ကျော်သက်လေးတစ်ဦးကို ရစ်ပတ်ဖုံးအုပ်ထားတယ်။ နူးညံ့တဲ့အနက်ရောင်ဆံနွယ်တွေက နဖူးပေါ်အုပ်ကျနေတယ်။ သူ့ရဲ့မျက်ခွံတွေက အနည်းငယ်လှုပ်ရှားလာပြီး မကြာခင်မှာပဲ လှပတဲ့ မျက်ဝန်းနက်တစ်စုံကို ဖွင့်ဟပြလာခဲ့တယ်။

ရှောင်လီက သူ့ရဲ့ဆံပင်တွေကို ဖွလိုက်ပြီး အနားက ဖုန်းကိုယူဖို့ ကိုယ်ကိုယိမ်းလိုက်တယ်။ ဖုန်းပေါ်က အချိန်ကိုကြည့်ပြီးတော့ သူသန်းဝေပြီးအိပ်ရာထလာတယ်။ ပြီးတော့ ဝတ်စုံလဲဖို့ ရေချိုးခန်းထဲဝင်သွားတယ်။

သူက ရိုးရိုးရှင်းရှင်းပဲ သန့်ရှင်းရေးလုပ်လိုက်ပြီး ညအိပ်ဝတ်စုံကိုချွတ်ပြီး ကျောင်းယူနီဖောင်းလဲဝတ်လိုက်တယ်။ ကြမ်းပေါ်ပစ်ချထားတဲ့ ကျောပိုးအိတ်ကိုကောက်ယူပြီး ပုခုံးမှာလွယ်လိုက်ကာ အခန်းပြင်ထွက်လာခဲ့တယ်။

ရှောင်လီ အခန်းထဲကထွက်လာပြီး ဒုတိယလှေကားကနေဆင်းလာတော့ အစားအသောက်တွေအပြည့်နဲ့ စားပွဲခုံကိုတွေ့လိုက်ရတယ်။ စတိုင်ကျကျဝတ်ဆင်ထားပြီး လှိုင်းတွန့်ဆံပင်အညိုရောင်နဲ့ နှုတ်ခမ်းနီရဲရဲဆိုထားတဲ့ အမျိုးသမီးက အဓိကခုံမှာထိုင်နေတယ်။ သူမဟာ ဇွန်းနဲ့ကော်ဖီကိုမွှေနေပြီး သူမဘေးကလူငယ်ဘက် မကြာခဏခေါင်းလှည့်လှည့်ပြီး စကားပြောနေတာ အရမ်းပျော်ရွှင်ဖွယ်ကောင်းတဲ့ မြင်ကွင်းနဲ့ တူနေတယ်။

ရှောင်လီရဲ့ နှုတ်ခမ်းထောင့်ဟာ ထေ့ငေါ့တဲ့အပြုံးနဲ့ကော့တက်သွားပြီး ဖြေးဖြေးချင်းပဲ လျှောက်လာတယ်။

ရှောင်လီရဲ့ခြေသံကိုကြားလိုက်ရတဲ့တစ်ခဏ အမျိုးသမီးရဲ့မျက်နှာက အမှောင်ကျသွားပြီး ချက်ချင်းပဲ အပြစ်ကင်းတဲ့အပြုံးလေးပြုံးလိုက်တယ်။ လျှောက်လာနေတဲ့ လူငယ်လေးကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်တယ်။
"မနက်စာ တူတူလာစားပါလား ရှောင်လီ။ တို့လည်း ကုမ္ပဏီကိစ္စနှင့် အလုပ်ရှုပ်နေလို့ တို့တွေတူတူမစားဖြစ်တာ ကြာပြီနော်"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now