114:(Vol 10: End)

4.8K 940 66
                                    


Unicode

ရှောင်လီက စကားချည်းသက်သက် မပြောဘဲ ချီးမွမ်းခံချင်သလို ခေါင်းညိတ်ပြတယ်။ ရှိမိဇု က သူ့ကို သံသယမျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်။ သူက ဒီကမ္ဘာမှာသာ ရှားလော့ကို သိခဲ့သော်လည်း စည်းမျဉ်းတွေကို လိုက်နာတဲ့ ကူးပြောင်းဝင်ရောက်သူအဖြစ် တစ်ဖက်လူကို မမြင်ခဲ့ပေ။ ဒီလူက စည်းကမ်းဖောက်ဖျက်သူ တစ်ယောက်လိုပဲ ဖြစ်နေတယ်။

ရှိမိဇုကလွဲပြီး အခြားလူတွေက တရုတ်လို မကျွမ်းကျင်ပါဘူး။ အဲ့ဒါကြောင့် သူတို့မျက်လုံးထဲမှာ ရှောင်လီက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး ရုတ်တရက် သီချင်းတစ်ပုဒ်ကို စတင်သီဆိုကာ ရှိမိဇု နှင့် စကားပြောခဲ့တယ်။

လန့်စ် : [ရှားလော့...?]

AK47 တောင်မှ ရှောင်လီကို မျက်မှောင်ကြုတ်ကြည့်ကာ သူဟာတားမြစ်ချက်ကို ချိုးဖျက်မိတဲ့ ဒုတိယလူဖြစ်တာကိုတောင် မေ့သွားခဲ့တယ်။ ရှောင်လီက ပြတင်းပေါက်ရှိ အော်ပရာသရဲဆီ ပြန်လှည့်သွားချိန်မှာ သူက ဘာမှမခံစားရပါဘူး။
"မင်းရဲ့မွေးရပ်မြေကို သွားကြည့်ကြမလား?"

ရှိမိဇုက သူ တရုတ်စကား နားမလည်တော့တာလားလို့ တွေးလိုက်မိတယ်။ မွေးရပ်မြေ ဟုတ်လား၊ ဘယ်အိမ်လဲ? ခေါင်းတလားလား? ရှိမိဇုက နားမလည်သော်လည်း အော်ပရာသရဲက ဒါကိုကြားပြီးနောက် ခြေတစ်လှမ်းဆုတ်သွားတယ်။ သူမရဲ့အင်္ကျီလက်ရှည်က မြေပြင်ပေါ်မှာ တွဲလောင်းကျနေပြီး မိုးရေနဲ့ပေါင်းစပ်ကာ ပိုမိုကြည်လင်လာစေတယ်။

ရှောင်လီက အော်ပရာသရဲဆီကို မသွားပါဘူး။ အခန်းထဲမှ ပြေးထွက်လာပြီး လမ်းကို ဦးတည်လိုက်တယ်။ လန့်စ်ဟာ ရှိမိဇု နှင့် အကြည့်ချင်းဖလှယ်ကာ ရှောင်လီနောက်လိုက်သွားတယ်။ ရှောင်လီဟာ အိမ်ဟောင်းရဲ့ ရှည်လျားတဲ့ ကော်ရစ်ဒါတစ်လျှောက်က အခန်းများစွာကို ဖြတ်သွားကာ နောက်ဆုံးမှာ စာကြည့်ခန်းတံခါးဝမှာ ရပ်လိုက်ပြီး တံခါးကို တွန်းဖွင့်ဝင်လိုက်တယ်။

ဇာတ်ကောင်ရဲ့ ရုပ်အလောင်းကို မူလက ထိုင်းက ဆွဲထုတ်ပြီး အခြားအခန်းမှာ သွားထားခဲ့တယ်။ ခုတော့ စာကြည့်ခန်းက လွတ်နေတယ်။ ရှုခင်းပန်းချီကားတွေက မြင့်မားတဲ့နံရံမှာ ရှိနေပြီး တစ်ခုပြီးတစ်ခု ကျုံ့သွားတဲ့ကမ္ဘာလိုမျိုး လူအုပ်ကြီးက အပေါ်ကနေ ကြည့်လိုက်ကြတယ်။ ရှိမိဇုဟာ ထင်ယောင်ထင်မှားဖြစ်ခြင်းဟုတ်မဟုတ် မသိသော်လည်း၊ ဒီမက်မွန်ပင်ရဲ့အရောင်ဟာ မိုးရေထိထားသလိုပဲ အရောင်ပိုစိုပြေလှပလာတယ်လို့ သူခံစားလိုက်ရတယ်။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now