144: Vol 13: 2

4.7K 780 39
                                    

Unicode

အဖွင့် CG မှာ ဇာတ်လမ်းဇာတ်ကောင်တွေ ပါဝင်ပြီး စလာတဲ့ပုံရိပ်က မီနီဘန်ကားတစ်စီး။

စကားပြောနေတဲ့လူက အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီး ဌာနရဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်။
"လူတိုင်းက အလုပ်ကြိုးစားခဲ့တာကြောင့် မကြာသေးခင်က သူတို့ရဲ့ရည်မှန်းချက်အတိုင်း ရရှိခဲ့ကြတယ်။ နောက်ဆုံးတော့ ဒီပရောဂျက်က ပြီးသွားခဲ့ပြီ။ ငါ မင်းတို့ကို ဆော့ကစားဖို့ လင်းရှီတောင်ဆီခေါ်လာတာ။ ဝန်ထုပ်ဝန်ပိုးမဖြစ်ကြနဲ့။ ကုမ္ပဏီက အားလုံးအတွက် ကုန်ကျစရိတ်ပေးမှာပဲ ဖြစ်တယ်"

"အို့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။ ဥက္ကဌဟူလည်း အလုပ်ကြိုးစားခဲ့တာပဲ"
ဒါကတော့ ရိုးရှင်းတဲ့တီရှပ်ဝတ်ဆင်ထားတဲ့ ခေါင်းတုံးတစ်ယောက်ပါပဲ။

ပြတင်းပေါက်နားမှာထိုင်နေတဲ့ ပန်းရောင်ဝတ်စုံဝတ်ထားတဲ့ အမျိုးသမီးကလည်း ထပ်ပေါင်းပြောတယ်။
"ကျွန်မတို့ရဲ့ဌာနက အကောင်းဆုံးပဲ။ ဒီမှာ ညအနည််းငယ်နေပြီး အနားယူဖို့ သွားလို့ရတယ်"

ဒီမီနီဘန်ကားထဲမှာ စုစုပေါင်း လူလေးယောက်ပါတယ်။ ပန်းရောင်ဝတ်ထားတဲ့အမျိုးသမီးရဲ့ တခြားဖက်မှာတော့ ဆံပင်တိုနဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ်။ သို့သော်လည်း တခြားလူတွေနဲ့မတူတာက ဆံပင်တိုနဲ့အမျိုးသမီးက ပျော်ရွှင်နေပုံမရဘူး။ အဲ့အစား သူမက ဝမ်းနည်းပုံပေါက်နေတယ်။

သူမဘေးမှာရှိတဲ့ ပန်းရောင်နဲ့အမျိုးသမီးက မေးတယ်။
"ဘာဖြစ်နေတာလဲ လင်းရို?"

"ပန်ရွဲ့။ ငါတို့ဘာလို့ လင်းရှီတောင်ကိုလာရတာလဲ နားမလည်ဘူး။ ကောလဟလတွေကို နင်မကြားဖူးဘူးလား?"

သူမကဒါကိုပြောတော့ ပန်ရွဲ့ရဲ့အပြုံးက ပျောက်ကွယ်သွားတယ်။
"အဲ့ဒါက မတော်တဆလေးတစ်ခုပါပဲဟာ။ အနားက ကုမ္ပဏီတွေအများကြီးလည်း လင်းရှီတောင်မှာ လာဆော့ကြတာပဲ။ ကောလဟလလေးတစ်ခုကြောင့်နဲ့ မသွားပဲနေတာက ဘာအသုံးကျမှာလဲ? အများကြီးမစဉ်းစားပဲ ပျော်ပျော်နေပါ။ နင် မဆော့ချင်ဘူးဆိုလည်း ရှုခင်းကြည့်ပေါ့။ ဥက္ကဌဟူကို စိတ်ဆိုးအောင် မလုပ်နဲ့"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now