Chapter : 21

6.9K 1.3K 182
                                    

Unicode

ရှောင်လီက ဒုတိယကမ္ဘာထဲဝင်ရောက်နေစဉ် သီးသန့်ဇိမ်ခံကလပ်တစ်ခုမှာ။

အညိုရောင်လှိုင်းတွန့်ဆံပင်ရှည်နှင့်အမျိုးသမီးတစ်ယောက်က အနီရောင်ဝိုင်ခွက်ကို ကောက်ကိုင်ယူလိုက်ပြီး သူမရဲ့မျက်နှာမှာ သိသာစွာသက်တောင့်သက်သာဖြစ်မနေပဲ ဆိုဖာပေါ် မှီချလိုက်တယ်။

သူမနဲ့မျက်နှာချင်းဆိုင်မှာ သက်လတ်ပိုင်းလူတစ်ယောက်ထိုင်နေတယ်။ သူ့လက်ကောက်ဝတ်မှာ နီယွန်မီးရောင်တွေရောင်ပြန်ဟပ်နေတဲ့ Patek Philippe နာရီကိုငုံ့ကြည့်လိုက်တယ်။ သူ့ရဲ့လက်ကိုပြန်ချလိုက်ပြီး ရေရွတ်တယ်။
"မစ္စစ်ရှောင် တည့်တိုးပဲပြောတာ ပိုကောင်းမယ်"
[Patek Philippe နာရီ တစ်လုံးကို ကန်ဒေါ်လာ သိန်းချီရှိပါတယ်တဲ့။]

ရွှီမေက သူမလက်ထဲကဝိုင်ကိုကြည့်ပြီး မျက်မှောင်ကြုပ်လိုက်တယ်။
"မစ္စတာရဲ့၊ လူတစ်ယောက်ကိုဘယ်သူမှမသိပဲ ပျောက်ကွယ်သွားအောင် လုပ်နိုင်တဲ့နည်းလမ်း ရှိလား?"

မစ္စတာရဲ့လို့ခေါ်တဲ့ မျက်နှာချင်းဆိုင်ကလူကြီးက ရယ်လေတယ်။
"ပျောက်ကွယ်အောင်လုပ်ရတာက ရိုးရှင်းပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိအောင်လုပ်ရတာက တကယ်တော့နည်းနည်းခက်မယ်။ ပြီးတော့ ရှောင်မိသားစုဆိုတာကလည်း ကျော်ကြားတဲ့မိသားစုလေ"

"အဲ့ဒါကြောင့်လဲ မစ္စတာရဲ့လိုချင်တဲ့စျေးနှုန်းကို တတ်နိုင်တယ်လို့"

မစ္စတာရဲ့က ဘေးကဝိုင်ပုလင်းကိုယူပြီး ဖန်ခွက်ထဲထည့်လိုက်ကာ လက်ချောင်းကိုဝိုင်ခွက်ထဲနှစ်ပြီး စားပွဲပေါ်မှာ နံပါတ် '5' လို့ရေးလိုက်တယ်။
"ငါတို့အတွက် ဘာခြေရာလက်ရာမှမကျန်ပဲ လူတစ်ယောက်ကိုပျောက်ကွယ်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အရာရာတိုင်းဟာ သဲလွန်စတွေကျန်ခဲ့မှာပဲ။ သရဲတစ္ဆေတွေကသာ သဘာဝလက်နက်ဖြစ်တယ်"

ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ နှစ်စဉ်နှစ်တိုင်း သရဲတစ္ဆေမွေးမြူပြီး ယင်စုဆောင်းတဲ့ အနုပညာရှင်တွေက မရေတွက်နိုင်အောင်များတယ်။ သူတို့ဟာ နေ့ချင်းညချင်းနာမည်ကြီးလာဖို့အတွက် သွေးနဲ့ပးဆပ်ရမှာကို တုန့်ဆိုင်းမနေဘူး။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now