Chapter: 88 (Vol 8: 10)

4.7K 1K 33
                                    

(Unicode)

ညအချိန် မြို့ငယ်လေးရဲ့လမ်းမပေါ်မှာ လူတွေက မရှိသလောက်နီးပါးပါပဲ။ အနည်းဆုံး လူတစ်ယောက်တောင်မှ ရှောင်လီ့ဘေးကနေ ဖြတ်မသွားသေးပါဘူး။ ဒါက သူ့ကို စိတ်ပျက်စေတယ်။ လမ်းမီးရောင်၊ ညလေပြေ၊ သစ်ရွက်ကြွေတွေနဲ့ သူတို့ရဲ့အရိပ်တွေကသာ သူတို့နှင့်အတူရှိကြတယ်။

လရောင်က သူ့အပေါ်ဖြာကျနေပြီး ညလေက သူ့မျက်လုံးထဲကို တိုက်ခတ်လာတယ်။ သူ့မျက်နှာချင်းဆိုင်မှာရှိတဲ့ မီးပွိုင့်က မီးမစိမ်းသေးခင် ရှောင်လီက ကြက်သေသေသွားတယ်။ ဘာလို့လဲဆိုတော့ သူက ဒီတိုင်းရပ်နေသေးပေမယ့် သူ့အရိပ်က ရွေ့လျားသွားလို့ပဲ ဖြစ်တယ်။

အနက်ရောင်အရိပ်က မူလက သူ့ရှေ့ညာဘက်မှာ ပုံရိပ်ထင်နေပေမယ့် အရိပ်ရဲ့ဘယ်ဘက်လက်က ဘယ်ဘက်ကို ဖြန့်ထုတ်လိုက်တယ်။ သူ့လက်ရပ်တန့်သွားတဲ့နေရာက ရှောင်လီလက်တည်ရှိနေတဲ့ နေရာပဲ ဖြစ်တယ်။

လူနှင့်အရိပ်ထိသွားတဲ့နေရာက အရိပ်ကရှောင်လီ့လက်ကို ရင်းရင်းနှီးနှီး ဆုပ်ကိုင်ထားတာနဲ့ တူနေလေတယ်။

ရှောင်လီ : ".........."

ဆုပ်ကိုင်ခံရတဲ့ခံစားချက်မျိုး သူ မခံစားရပေမယ့် အရိပ်က သူ့နားရောက်လာသောအခါ ရုတ်တရက် မသိစိတ်အရ သူ့လက်ကို ဆွဲလိုက်မိလေတယ်။ အရိပ်က အသာလေး ရပ်တန့်သွားတယ်။ ရှောင်လီသိနေမှန်း သူတွေ့ရှိသွားပြီး တိုက်ရိုက်ပဲ သူ့ပုံရိပ်ကို ဆွဲဆန့်လိုက်တယ်။ အရိပ်က အရွယ်ရောက်အမျိုးသားတစ်ယောက်အရိပ်အဖြစ်ပြောင်းသွားပြီး ရှောင်လီထပ် အရပ်ပိုမြင့်လေတယ်။

အရိပ်က ရှောင်လီ့ပုခုံးနားထိ တိုက်ရိုက်ထပ်ရွှေ့လာပြန်တယ်။ ရှောင်လီက ညာဘက်ကိုခြေတစ်လှမ်းလှမ်းပြီး အရိပ်ကနေခွါလိုက်တယ်။ အရိပ်က ရှောင်လီ့နောက်ကို မလိုက်ခဲ့ပါဘူး။ သူက နေရာမှာတင်ရပ်ကျန်နေရစ်ခဲ့ပြီး အနည်းငယ်ဆုံးရှုံးသွားတဲ့ပုံပေါက်နေတယ်။

လော်ထျန်းက မူလထဲက ရှောင်လီ့ဘေးမှာရှိနေခဲ့တယ်။ သူမက သူမရဲ့ကျန်ရှိနေတဲ့အသင်းဖော်ဟန်ကျင်းအကြောင်းပဲတွေးနေပြီး မီးပွိုင့်မီးစိမ်းသွားမှာကို စောင့်နေတယ်။ အဲ့ဒါကြောင့် သူမက အရိပ်ကို သတိမထားမိပေ။ သူမက ရှောင်လီရွေ့လာတာပဲတွေ့လိုက်ပြီး ချက်ချင်း သရဲလို့ပဲ ထင်မိသွားတယ်။
"ဘာဖြစ်လို့လဲ?"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now