165: Vol 14: 8

3.2K 693 6
                                    

Unicode

ရှောင်လီရဲ့မေးခွန်းက အရမ်းယဉ်ကျေးတယ်။ သူက ယဉ်ကျေးတဲ့အသုံးအနှုန်းနဲ့ပြောရုံတင်မက ကိုယ်ကိုလည်း ကိုင်းညွတ်ထားသေးတယ်။

ပန်းချီကားထဲက သရဲမျက်နှာက သူ့ကို တခဏလောက်ကြည့်လိုက်​တော့ ဒီလူဟာ တကယ်ပဲ ရိုးသားစွာနဲ့ မေးခွန်းမေးနေမှန်း တွေ့ရှိသွားတယ်။ တခဏလောက် မင်သက်သွားပြီး ဘာပြန်ပြောရမလဲ မသိတော့ဘူး။ ဘယ်လိုဆွဲရလဲဆိုတာကို သူ မသိပါဘူး။ သူက ပန်းချီကားထဲ ပိတ်ထားခံရတဲ့ သရဲလေးပါပဲ။

ရှောင်လီက အဲ့အဖြေကို တကယ်လိုချင်နေတယ်။ သူက ပန်းချီဆွဲတဲ့အရာကို အတော်လေး စိတ်ဝင်စားတယ်။ တကယ်လို့ အဲ့ဒီ'ပန်းချီဆရာ' က သူ့စကေးကို ပိုကောင်းအောင်လုပ်ပေးနိုင်ရင် အခုမေးတာက သင့်တော်ပါတယ်။ အဲ့ဒါကြောင့် သူက စိတ်ရှည်ရှည်နဲ့ တခဏစောင့်နေပေမယ့် သရဲမျက်နှာကတော့ ဒီတိုင်း ရှိနေတုန်းပဲ။

ကျန်းရီကလည်း တခဏလောက် သူ့ဘေးမှာ ပုံစံတူပဲ နေနေတယ်။ ထို့နောက် ပန်းချီကားထဲမှ သရဲမျက်နှာဟာ ဘာမှ မတုန့်ပြန်ပဲ အနည်းငယ်ရှုံ့မဲ့နေတာကို သူ တွေ့လိုက်ရတယ်။ နီးနီးကပ်ကပ်ကြည့်ရင် သူက နည်းနည်း နားမလည်ပုံ ပေါက်နေတယ်။ ပုံမှန်မဟုတ်တဲ့မေးခွန်းတွေမေးတတ်တဲ့ကျောင်းသားတစ်ယောက်အတွက် အိမ်စာပြင်ပေးနေတဲ့ ဆရာတစ်ယောက်နဲ့ တူတယ်။

ရှောင်လီက သူ့ဘာသာပြောလိုက်တယ်။
"မင်း မဖြေနိုင်ဘူးလား? အာ။ မင်းက ပန်းချီဆရာမဟုတ်ဘူးပဲ။ ဒါဆို အဲ့ဒီလူ ဒါမဟုတ် သရဲကို မင်းသိလား? ဒီ 3D ပုံကိုဘယ်လိုဆွဲခဲ့တာလဲ? အဲ့လိုနည်းစနစ်ရှိတယ်..."

ပန်းချီကားထဲက မျက်နှာက ပြန်မဖြေသေးပါဘူး။

ဘေးမှာရှိတဲ့ ဖူကျွမ်းပေါ်က ထုံထိုင်းနေတယ်။ သူက ဘယ်ဘက်ဘေးကိုကြည့်လိုက်ပြီးတော့ ဒီအံ့ဩဖွယ်မြင်ကွင်းကို အတည်ပြုဖို့ နောက်တစ်ခေါက် ပြန်ကြည့်လိုက်တယ်။ ညအချိန် သရဲခြောက်တဲ့စင်္ကြန်လမ်းထဲမှာ ဒဏ္ဍာရီလာကြီးမြတ်သူက ပန်းချီကားထဲကသရဲနဲ့ ပညာရပ်ဆိုင်ရာဆွေးနွေးမှုလုပ်ဖို့ ရှုထောင့်တစ်နေရာမှာပဲ ကိုယ်ကိုကိုင်းပြီးရပ်နေတယ်...

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now