136: Vol 12: 7

3.7K 760 12
                                    

Unicode

ဖူကျန်းက ဒေါသ ထွက်သွားတယ်။ သက်လတ်ပိုင်းလူက ဖူကျန်းရဲ့အသားကို တကယ်ပဲ ရွံ့ရှာနေပုံရတယ်။ တစ်ဖက်လူက အရမ်းကိုလှပတဲ့လူသားမဟုတ်ရင်တောင်မှ အသားတွေပုတ်ဆွေးနေတာလိုပဲ။ ယင်ကောင်ကိုတောင် ညှစ်သတ်လို့ရလောက်အောင် မျက်မှောင်ကြုပ်ထားရုံသာမကဘူး သူ့ပါးစပ်ကိုပါ အုပ်ထားသေးတယ်။

ဖူကျန်းရဲ့မျက်နှာသေးသေးလေးက ဖြူဖျော့နေတယ်။ "ငါ့ကိုစားရတာ အရမ်းခက်လို့လား?"

သက်လတ်ပိုင်းလူက စကားပြန်မပြောလာဘူး။ သူက သူ့ပါးစပ်ကိုဆေးကြောဖို့ ရုန်းကန်နေရပြီး သူ့မျက်စိတွေကို နာကျင်စွာမှိတ်ထားကာ ခရစ်စတယ်လိုမျက်ရည်စက်တွေက မျက်လုံးထောင့်ကနေ စီးကျလာတယ်။

... ဖူကျန်းက ပိုပြီးတော့တောင် ဒေါသ ထွက်လာတယ်။ သူမသွားကိုကြိတ်ပြီး ဘာတုန့်ပြန်မှုမှ ပြန်မရတော့ သူမရဲ့ဦးတည်ရာကို ရှောင်လီဘက်လှည့်သွားပြီး စတင် ဆူငေါက်တော့တယ်။
"ဒီလိုအရာမျိုးလုပ်ဖို့ နင် ငါ့ကို မေးခဲ့လား?"

ရှောင်လီက ချောင်းဟန့်လိုက်တယ်။ "မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကို ပြန်အသစ်ဖြစ်လာနိုင်တာကြောင့်"

သက်လတ်ပိုင်းလူ စားဖို့ရောက်လာတော့ ရှောင်လီပထမဆုံးစဉ်းစားမိတာက ဖူကျန်းပါပဲ။ ဖူကျန်းက ရှော့ခ်ဖြစ်သွားပြီး ဒါက သူမနှလုံးသားထဲက ဒေါသစိတ်ကို ပိုအားပြင်းစေတယ်။
"နင့်စိတ်ထဲမှာ ငါက ဘယ်လိုပုံရိပ်မျိုး ရှိနေတာလဲ?"

သူမက Moriarty ရဲ့ မျက်လုံးထဲမှာ လမ်းလျှောက်နိုင်ပြီး ပြန်လည်အသစ်ဖွံဖြိုးလာနိုင်တဲ့ အသားတုံးလေးပဲလား?

ရှောင်လီက ချောင်းဆိုးလိုက်တယ်။ သူက အပြစ်မကင်းစွာနဲ့ ခေါင်းကို အဝေးလှည့်လိုက်တယ်။

ဖူကျန်းရဲ့မျက်လုံးတွေက မယုံကြည်နိုင်မှုကြောင့် ပိုပြူးကျယ်လာတယ်။ အမှန်ကိုပြောရရင် ဒေါသက ဒီလှပတဲ့အမျိုးသမီးကို ပိုလို့တောင် လှပလာစေတယ်။ သာမန်လူတစ်ယောက်သာ ဒီမှာရှိနေရင် သူ့အရိုးတွေ ကျိုးကျေသွားဦးတော့၊ ဖူကျန်းက ဘာပဲတောင်းဆိုတောင်းဆို လိုက်လျောမှာပဲ။ သို့သော်လည်း ဒီမှန်ခန်းထဲမှာ အလှတရားကို တန်ဖိုးထားခံစားတတ်တဲ့လူ တစ်ယောက်မှ ရှိမနေပါဘူး။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now