Chapter-63 (vol 6: 11)

4.9K 1K 36
                                    


(Unicode)

ရှောင်လီက ခေါင်းငုံ့ပြီးတော့ အခန်းထဲကလူပြောတာကို နားထောင်နေခဲ့တယ်။ သူ့ဆံပင်တွေက အောက်စိုက်နေပြီး သူ့မျက်လုံးကို ဖုံးကွယ်ထားတာကြောင့် ကွမ်ယွီတစ်ယောက်ထဲပဲ သူ့အမူအရာပြောင်းလဲနေတာကို တွေ့နိုင်တယ်။ ဘာလို့လဲဆိုတော့ ကွမ်ယွီက ရှောင်လီကိုပဲ စောင့်ကြည့်နေခဲ့တာကြောင့် ဖြစ်တယ်။ ဟူလိလည်းပဲ တံခါးရှေ့က လှုပ်ရှားမှူတွေကိုစောင့်ကြည့်နေပေမယ့် ရှောင်လီရဲ့သေးငယ်တဲ့လှုပ်ရှားမှုကိုတော့ သူ သတိမထားမိပါဘူး။ ဖန်ချီစကားဆုံးသွားတာမြင်တော့ သူက မေးလိုက်တယ်။
"အခြားလူတွေကလွဲပြီး... မင်းကဒီကိုဘာလို့ရောက်နေတာလဲ။ ဗီဒီယိုထဲမှာ တံခါးက ကျိုးသွားတယ် မဟုတ်ဘူးလား?"

ဖန်ချီက ခါးသီးစွာရယ်လိုက်တယ်။ ဒီစကားက သူ့အနာပေါ်တုတ်ကျသလို ဖြစ်သွားပုံရတယ်။ သူက စကားဆက်မပြောခင် အချိန်အတော်ကြာ ချောင်းဆိုးနေခဲ့တယ်။
"ငါ့အဖေပေးခဲ့တဲ့ ဘိုးဘွားပိုင်ကျောက်စိမ်းတစ်ခုရှိပြီး အဲ့ဒါကို လည်ပင်းမှာ အမြဲဆွဲထားခဲ့တယ်။ ဒါက အရင်ခေတ်ကအယူသီးမှုတစ်ခုပဲလို့ ငါအမြဲထင်ခဲ့ပေမယ့် ဒါက ငါ့ရဲ့နောက်ဆုံးမျှော်လင့်ချက်တစ်ခု ဖြစ်လာမယ်လို့ တခါမှ မတွေးခဲ့မိဖူးဘူး"

"အဲ့ဒီနေ့က သူတို့ ငါ့ရုံးခန်းတံခါးကို ချိုးဖျက်ခဲ့တယ်။ ငါ့မျက်လုံးတွေမှိတ်ပြိး သေဖို့ပဲ မျှော်လင့်နေလိုက်တော့တယ်။ ဒါပေမယ့် ငါမမျှော်လင့်မိတာက သူတို့ငါ့လည်ပင်းကို ထိလိုက်တာနဲ့ ကျောက်စိမ်းကနေ လိမ္မော်ရောင်အလင်းတန်းတွေထွက်လာပြီး သူတို့ကို တွန်းလှန်လိုက်တယ်။ ငါ ထွက်ပြေးမယ့်အခွင့်အရေးကို အမိအရဆုတ်ကိုင်ခဲ့တယ်။ မူလတုန်းကတော့ ငါ ဒီဆေးရုံကနေ ထွက်ပြေးမလိုပဲ။ ငါ အောက်ထပ်ကိုပြေးဆင်းလာတော့ ပြင်ပကမ္ဘာကို ပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ အတွင်းလူနာအဆောက်အဦးမှာ မြေအောက်ထပ်ဧရိယာမရှိဘူး။ အဲ့ဒါကြောင့် ငါဒီကိုပဲပြေးလာပြီး နောက်ဆုံး ဒီနေရာမှာပဲ ပုန်းနေခဲ့တယ်"

ဖန်ချီရှင်းပြပြီးသွားတော့ မြင်ကွင်းကလည်း ပြန်တိတ်ဆိတ်သွားပြန်တယ်။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now