118(Vol 11: 4)

4.3K 933 65
                                    

Unicode

ရီယန်က သူ့ဘဝကို သံသယဝင်လာတယ်။

သူဒီနေ့ ကြုံတွေ့ခဲ့ရတာတွေက တော်တော်များတယ်။ သာမာန် anchor လေးတစ်ေယာက်ကနေ သူက ဝိညာဉ်ရေးရာဖြစ်ရပ်တစ်ခုနှင့် ပထမဆုံးထိတွေ့ခွင့်ရခဲ့တယ်။ ညသန်းခေါင်မှာ သူ့ကို ခြေထောက်တစ်စုံက လိုက်ဖမ်းပြီး မျှော်လင့်ချက် ပျက်သုဉ်းနေတဲ့အချိန်မှာ တခြားသူတွေက သူကယ်တင်ခဲ့တယ်။ အခု ရယ်စရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ အံ့မခန်း မဖြစ်ပဲ မနေနိုင်ပေ။

သူတင်မကပါဘူး။ တိုက်ရိုက်ထုတ်လွှင့်တဲ့ ချန်နယ်တောင် ပေါက်ကွဲထွက်လာတယ်။

[6666666 ၊ goddamn]

[ဒါက special effect လား အစစ်လားဆိုတာ ဘယ်သူပြောနိုင်လဲ? အစက ရီယန် ဖျော်ဖြေရေးခရီးစဉ်ကို ကြည့်ဖို့လာတာ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကား ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အခု လမ်းတစ်ဝက်မှာပဲ အခြေအနေက ပြောင်းသွားပြန်ပြီလား?]

[ခဏလေး၊ အဲဒီမောင်လေးရဲ့ အလှကို သတိထားမိတဲ့သူက ငါတစ်ယောက်ပဲလား? ဆံပင်အနက်ရောင်နဲ့တစ်ယောက်လေ။ သူ့မျက်နှာကို သိပ်မမြင်ရပေမယ့် မြင်လိုက်ရတဲ့ အကြည့်တွေက တကယ်ကို လှတယ်။ ဒါက ခမ်းနားတဲ့ အလှတစ်ခုပဲ။]

တိုက်ရိုက်ထုတ်လွှင့်မှုမှာ မရေမတွက်နိုင်တဲ့ လူတွေရဲ့ မျက်လုံးတွေထဲမှာ ကွဲထွက်နေတဲ့ ခြေထောက်တွေက မတ်တပ်ထရပ်ဖို့ ကြိုးစားနေသလိုမျိုး လှုပ်ရှားနေသော်လည်း သူတို့က ခြေထောက်တစ်စုံသာဖြစ်တယ်။ လက် သို့မဟုတ် ပြင်ပအင်အားရဲ့အကူအညီမပါဘဲ၊ ပြန်ထဖို့က အနည်းငယ်ခက်ခဲနေတယ်။ ခြေထောက်တွေက ကြမ်းပြင်ပေါ်မှာ တရွေ့ရွေ့ ရွေ့လျားနေပြီး အနီးကပ်လိုက်ဖို့ ကြိုးစားနေတယ်။

ရှယ်ကျယ်ချင်းက သူ့အရွတ်တွေမှာပါ နာကျင်မှုကို ခံစားလိုက်ရတယ်။

သူသည် တစ္ဆေရဲ့စိတ်ခံစားမှုကို ခံစားသိရှိဖို့ ကြိုးစားပြီး "အောက်ချ်" လို့ အော်လိုက်တယ်။

ရှောင်လီက သူ့ကို နားလည်ရခက်စွာ ကြည့်လိုက်တယ် ။
"ဘာလို့ ချစ်စရာကောင်းတဲ့ပုံ လုပ်နေတာလဲ?"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now