150: Vol 13 :8

3.6K 727 22
                                    


Unicode

"အား— နောက်ထပ်သေဆုံးမှုပေါ့!"
ပန်ရွဲ့ရဲ့ထိန်းချုပ်မရတဲ့အော်ဟစ်သံနဲ့အတူ 'ထိတ်လန့်ကြောက်ရွံ့ခြင်း'ဆိုတဲ့ စိတ်ခံစားချက်တွေက ပျံ့နှံ့ကုန်တယ်။

အလောင်းရဲ့ဦးခေါင်းက ရှောင်လီ့ဦးတည်ရာဘက်ကို ရောက်နေတယ်။ ပြင်းထန်တဲ့ပြုတ်ကျမှုကြောင့် ဦးခေါင်းကအသားစတွေက အထိန်းအကွပ်မဲ့စွာ တဆတ်ဆတ်တုန်နေပြီး ကြမ်းပြင်ပေါ် သွေးတွေ ဘယ်လိုတောင်ဖြာကျနေလဲဆိုတာကို သူ မြင်နိုင်တယ်။

ရှောင်လီက အနီးကပ်သွားကြည့်တော့မယ့်အချိန်မှာပဲ လက်တစ်ဖက်က ညှင်သာစွာနဲ့ သူ့မျက်လုံးကို ဖုံးအုပ်ပြီး သူ့အမြင်အာရုံကို ဖြတ်တောက်လိုက်တယ်။ သူက တခဏလောက်အေးခဲသွားပြီးနောက် အဲ့ဒါက ရှန်ချန်ကျီးဆိုတာကို သူ သတိပြုမိသွားပြီး သူ့ရဲ့ငှက်မွှေးလိုမျက်တောင်တွေက တစ်ဖက်လူရဲ့လက်ဖဝါးကို ထိတွေ့သွားတယ်။

သူ့မျက်လုံးကို ဖုံးအုပ်ထားတဲ့လက်က တုန်ယင်နေတယ်။ စောနတုန်းက ရှောင်လီက ရှောင်တူရဲ့မျက်လုံးတွေကိုဖုံးအုပ်ခဲ့သလို အခု ရှန်ချန်ကျီးက သူ့အတွက် လုပ်ပေးတာ ဖြစ်တယ်။ ရှောင်လီက ရှောင်တူကို သူ့အကိုရဲ့လက်ထဲတွန်းပို့လိုက်တဲ့အချိန်ထိတိုင်အောင်ပဲဖြစ်ပြီး ရှန်ချန်ကျီးကလည်း သူ့ကို အလောင်းရဲ့ဦးခေါင်းနဲ့ဝေးရာကို ဆွဲခေါ်လာတယ်။ ရှန်ချန်ကျီးက သူ့လက်ကိုချလိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တယ်။

ရှန်ချန်ကျီးက သူ့လက်ချောင်းကို ကိုင်ပြီး ပြောလိုက်တယ်။ "ကိုယ် မင်းကို စိုးရိမ်လို့"

"... ဘာမှ စိုးရိမ်စရာ မရှိပါဘူး။ အဲ့ဒါက အလောင်းလေးပဲလေ"

ရှောင်လီက ခဏရပ်တန့်သွားပြီးနောက် ရှန်ချန်ကျီးရဲ့အကြည့်ကိုရှောင်ကာ လှည့်ထွက်လာပြီး အလောင်းဆီ ရွှေ့သွားတယ်။ ရှန်ချန်ကျီးရဲ့မျက်ဝန်းထဲမှာ ပျော်ရွှင်မှုအရိပ်အယောင်တွေ ဖုံးလွှမ်းသွားတယ်။ ရတနာတစ်ခုကို ဆုတ်ကိုင်ထားသလိုမျိုး သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်ထားတယ်။

ကျန်းလင်ဝမ်ရဲ့ဦးဆောင်မှုအောက်မှာ အခန်းထဲမှာပဲ အမြဲပုန်းနေခဲ့တဲ့ ဥရောပလူမျိုး၂ယောက်ပါ အပါအဝင် ကျန်တဲ့ကူးပြောင်းဝင်ရောက်သူတွေအားလုံး အခန်းထဲမှာ ရှာဖွေကြတယ်။ နောက်ဆုံး သေဆုံးသွားတဲ့လူက ဝေနင်ဆိုတာကို အတည်ပြုလိုက်ကြတယ်။

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now