178: Vol 14: End

4K 764 51
                                    

Unicode

"ဧည့်သည်တစ်ယောက်အဖြစ်—"

ရှောင်လီရဲ့စကားတွေက ဖူကျွမ်းပေါ်ရဲ့ နောက်ကျောပေါ်က အားပျော့တဲ့လျှပ်စီး ဖြတ်ပြေးသွားသလိုပဲ။ တစ်ဖက်လူက ဧည့်သည်ကလေးမလေးကိုမေးခဲ့တဲ့စကားတွေကို တိုက်ရိုက်ပြန်ခေါ်ပြီး ကိစ္စတွေကို ဆက်စပ်ခဲ့တယ်။

ဖူကျွမ်းပေါ်က အရမ်းကိုအံ့ဩသွားပြီး ပြောလိုက်တယ်။ "ဟာကရူးလ်။ မင်း ဆိုလိုတာက—"

"ငါတို့က ဧည့်သည်တွေလို့ ဆိုလိုတာပဲ"
ရှောင်လီက သွေးကန်ရဲ့ဘေးကနေ မတ်တပ်ထရပ်လိုက်ပြီး ကန်ထဲက ပြင်းထန်တဲ့အနံ့ကိုရှောင်ဖို့ ဘေးကို နည်းနည်းရွှေ့လိုက်တယ်။
"ငါတို့က ဒီအကျော်ကြားဆုံးပန်းခြံကို အလည်လာတာကြောင့်မို့လို့ အနာဂတ်အပန်းဖြေဥယျာဉ်က ကောင်းကောင်းလက်ခံတာပေါ့"

ဒီလှုပ်ရှားမှုက ဖူကျွမ်းပေါ်ကို သက်ပြင်းချစေတယ်။ လက်စသတ်တော့ ကြီးမြတ်သူကလည်း ဒီအနံ့ဆိုးကိုမကြိုက်ဘူးပဲ။ စောနတုန်းက ရှောင်လီက ဘာမှမတုန့်ပြန်တာကြောင့် ရှောင်လီဟာ သူ့ရဲ့အနံ့ခံအာရုံ ဆုံးရှုံးထားတယ်လို့ သူ ထင်နေခဲ့တာ။ ကြီးမြတ်သူက ပိုပြီးသည်းခံနိုင်စွမ်းကောင်းရုံပဲလို့ သူ မမျှော်လင့်ထားမိဘူး။

"ဒါပေမယ့်—"

"အဲ့လိုမှမဟုတ်ရင် Disneyland တို့ Universal တို့လို ပန်းခြံတွေကို ယှဉ်ပြိုင်ဖို့ ဘာကို မှီခိုနေရမလဲ?"
ရှောင်လီက ဥက္ကဌဆန်းကို ကြည့်လိုက်တယ်။
"အဲ့ဒီ ဂေါ်ရီလာနဲ့ ငါးပြတိုက်တွေကိုလား? အဲ့ဒီ ဧည့်သည်လို့ခေါ်တဲ့ဟာတွေက ဖြတ်သွားဖြတ်လာပဲဖြစ်ပြီး ငါတို့ကမှ တကယ့် ဧည့်သည်တွေ"

"ဒါပေမယ့် တာဝန်စာအုပ်က ငါတို့ဟာ လုံခြုံရေးအစောင့်တွေဖြစ်ပြီးတော့ တာဝန်တွေကို လိုက်နာရမယ်လို့ မပြောခဲ့ဘူးလား?"
ချန်ကျင်းဟန်က သူ့နှာခေါင်းကို လက်နဲ့ညှစ်ထားပြီး ပါးစပ်နဲ့ အသက်ပြင်းပြင်းရှူလိုက်တယ်။ သူမက ဒီအခွင့်အရေးကို မေးခွန်းမေးဖို့ သုံးလိုက်တယ်။

ရှောင်လီက ရှင်းပြလိုက်တယ်။
"ငါတို့ရဲ့ ဧည့်သည်ဆွဲဆောင်မှုက 'လုံခြုံရေးအစောင့်အဖြစ် ကစားဖို့' ဖြစ်ပြီးတော့ တာဝန်ကိုနာခံရမယ်ဆိုတာက ဂိမ်းရဲ့ပထမစည်းမျည်း ဖြစ်နေရင်ရော။ ဒါဆို အဓိပ္ပါယ်ရှိတယ် မဟုတ်လား? တခြားပန်းခြံက ရိုလာကိုစတာတို့ ချားရဟက်တို့နဲ့ ယှဉ်ရင် ဒီဆွဲဆောင်မှုက ပိုပြီး အကျိုးအမြတ်ရနိုင်တယ် မဟုတ်ဘူးလား? ဒီလိုဆွဲဆောင်မှုအမျိုးအစားက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ငါ အတော်လေး သဘောကျတယ်"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now