122: Vol (11: 8)

5.2K 894 112
                                    


Unicode

ကူးပြောင်းဝင်ရောက်သူတွေ နောက်တစ်ခါထပ်အိပ်နေကြတဲ့အချိန်မှာပဲ ညဆိုင်းလုံခြုံရေးအစောင့်က သူ့ရုံးခန်းထဲမှာ စာအုပ်ဖတ်နေတယ်။ စာမျက်နှာတစ်ရွက် လှန်ပြီးတဲ့နောက် နံရံပေါ်က နာရီကို ကြည့်လိုက်တယ်။ အချိန်တစ်ခုရောက်တာနှင့် သူဟာ စာအုပ်ကိုပိတ်ပြီး သူ့ရဲ့နောက်ဆုံးကင်းလှည့်ဖို့ အဆင်သင့်ဖြစ်နေပြီ။

သူက ဟောခန်းထဲမှာ ဓါတ်လှေကားစောင့်နေရင်း လုံးခြုံရေးက သူ့လည်ပင်းကိုကုတ်ကာ ရှေ့ကောင်တာမှာထိုင်နေတဲ့ အမျိုးသမီးကို သတိရသွားတယ်။ ပထမတော့ ရှောင်းရှီက သူမရဲ့ကလေး သက်သာလာတာကြောင့် အလုပ်ပြန်လာတာကို မန်နေဂျာက သူ့အားပြောဖို့ မေ့နေတယ်လို့ ထင်နေခဲ့တယ်။ အခု သူတွေးကြည့်တော့ တစ်ခုခုမှားနေတယ်လို့ သူ ခံစားမိလိုက်တယ်။ ရှောင်းရှီရဲ့ဆံပင်က နက်မှောင်ပြီးရှည်လျားပေမယ့် ဒီအမျိုးသမီးလောက်တော့ မရှည်သလိုပါပဲ...

ပြီးတော့ ဒီအမျိုးသမီးရဲ့ လှုပ်ရှားမှုတိုင်းက ထူးထူးဆန်းဆန်း ပြောမပြတတ်အောင် ထိတ်လန့်စရာကောင်းနေတယ်။ ဒါမှမဟုတ်... သူ သေချာအောင် ရှောင်းရှီကို မေးကြည့်သင့်တယ်။ လုံခြုံရေးအစောင့်က ဓါတ်လှေကားထဲရောက်တာနှင့် သူ့အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ ရှောင်းရှီရဲ့WeChat ကို ဖွင့်လိုက်တယ်။
"ရှောင်းရှီ၊ မင်းရဲ့ကလေး နေမကောင်းတာ ဘယ်လိုနေသေးလဲ? သက်သာသွားပြီလား? မင်း ဒီနေ့ အလုပ်လာသေးလား?"

သူ စကားလုံးတွေကို အချိန်ယူစဉ်းစားပြီးမှ နောက်ဆုံး ပို့တဲ့ခလုတ်ကို နှိပ်လိုက်ပြီး တစ်ဖက်လူရဲ့ ပြန်စာကို စောင့်နေတယ်။ ဓါတ်လှေကားရဲ့မီးရောင်က လုံခြုံရေးအစောင့်ရဲ့ ဖုန်းစခရင်မှာ အလင်းပြန်နေတယ်။ ပထမတော့ သူ ဘာမှ ထူးထူးခြားခြားမခံစားမိပေမယ့် ဓါတ်လှေကားက ဒုတိယထပ်ကို ရောက်တော့ ဖုန်းစခရင်ပေါ်မှာ သူ ထူးဆန်းတာတစ်ခုခုကိုမြင်လိုက်သလိုမျိုး ရုတ်တရက် မျက်လုံးဖွင့်လိုက်လေတယ်။

ဖုန်းပေါ်မှာ အမျိုးသမီးတစ်ယောက်ရဲ့အရိပ်က သူ့နောက်မှာ မတ်တပ်ရပ်နေတယ်လို့ ရောင်ပြန်ဟပ်နေတယ်။ လုံခြုံရေးအစောင့်က အေးခဲသွားတယ်။ သူ ဝင်လာတုန်းက... ဓါတ်လှေကားထဲမှာ ဘယ်သူမှ မရှိပါဘူး။ သူ့နောက်ကို လှည့်ကြည့်လိုက်တော့ ဘယ်သူမှ မရှိပေ။ သူဖုန်းကိုမြှောက်ပြီး စခရင်ကိုဖိကာ ဖုန်းကနေ ပုံရိပ်ပြန်တာကို ကြည့်လိုက်တော့...

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now