Chapter-64 (Vol 6: end)

5.3K 1.1K 21
                                    

(Unicode)

"—ကံမကောင်းစွာနဲ့ပဲ ဒေါက်တာ့ရဲ့မျက်နှာကို မတွေ့ခဲ့ရဘူး"
ရှောင်လီက နောင်တရသလို ပြောလိုက်တယ်။ တစ်ဖက်လူရဲ့စိတ်အခြေအနေကို သူ့အသံကနေတဆင့်ပဲ ခန့်မှန်းနိုင်တော့မယ်။ ဖန်ချီက လုံးဝကို သည်းမခံနိုင်တော့တဲ့အခြေအနေထိ ရောက်သေးပုံမရဘူး။ ဒါက နည်းနည်းတော့စိတ်ပျက်စရာကောင်းတယ်။

ဖန်ချီရဲ့အသံက အားနည်းတဲ့အသံမဟုတ်တော့ပါဘူး။ ရှောင်လီရဲ့လှောင်ပြောင်တဲ့စကားကို ကြားလိုက်ပြီးတဲ့နောက် သူက နှာမှုတ်လိုက်တယ်။
"မင်း ငါ့အမူအရာကိုကြည့်ချင်တယ်ဆိုရင် အခန်းထဲသာ တိုက်ရိုက်ဝင်လာလိုက်ပါ"

ရှောင်လီက သူ့ရဲ့လက်ကို ခိုင်မာတဲ့တံခါးပေါ်တင်ပြီး ခပ်ပြင်းပြင်းတွန်းလိုက်တယ်။ သူ တံခါးဖွင့်နိုင်တာကို တွေ့ရှိလိုက်ရပြီး တံခါးကိုတွန်းဖွင့်လိုက်တယ်။ တံခါးအနောက်ကအခန်းဟာ ကူးပြောင်းဝင်ရောက်လာသူတွေ တွေးခဲ့သလို ရင်ခွဲရုံမဟုတ်ပဲ ခွဲစိတ်ခန်းတစ်ခု ဖြစ်နေတယ်။

ကြီးမားပြီး ကောင်းမွန်တဲ့ကိရိယာတွေစုံလင်လှတဲ့ ခွဲစိတ်ခန်းတစ်ခန်း ဖြစ်နေခဲ့တယ်။ ခွဲစိတ်ခန်းသုံးစားပွဲပေါ်မှာ လတ်ဆတ်တဲ့အသားတွေထည့်ထားတဲ့ပန်းကန်နှင့် ခွဲစိတ်ခန်းသုံးဓါးတို့ ရှိနေတယ်။

ဖန်ချီက စားပွဲရဲ့ဘေးမှာ ရပ်နေတယ်။ ကင်မရာထဲမှာပါတဲ့လူနဲ့တူတဲ့ တစ္ဆေတစ်ကောင်။ သူက သာမန်လူငယ်တစ်ယောက်ပုံပေါက်ပေမယ့် သူ့မျက်နှာမှာ ဖြတ်တောက်ပြီး ပြန်ချုပ်ထားတဲ့ သိသာထင်ရှားလှတဲ့ချုပ်ရာတစ်ခု ရှိနေတယ်။ ဖန်ချီရဲ့အဖြူရောင်ကုတ်အနားတွေမှာ မရေမတွက်နိုင်တဲ့ သွေးလက်ဝါးရာတွေနဲ့ ဖုံးလွှမ်းနေပြီး သူ့မျက်နှာမှာ မှုန်မှိုင်းနေတယ်။

ရှောင်လီက သူ့အဝတ်ကို လက်နဲ့ပုတ်ပြီး အထဲမဝင်ပဲ တံခါးမှာပဲ ရပ်နေတယ်။ သူက ဖန်ချီကို ရင်းနှီးတဲ့အမူအရာနဲ့ နှုတ်ဆက်လိုက်လေတယ်။
"ဒေါက်တာဖန်။ ခင်ဗျားက ကြည့်ကောင်းသားပဲ"

သူ့စကားတွေမှာ ထေ့ငေါ့မှုတွေပါဝင်နေပြီး ဖန်ချီရဲ့မျက်နှာကို ပိုပြီး မှုန်မှိုင်းစေတယ်။
"မင်း ငါ့အမူအရာကိုကြည့်ချင်တယ်ဆို။ အထဲဝင်လာပြီး အနီးကပ်ကြည့်လေ"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now