ကျောင်းတွင်
"ငယ်လေး ဦးကငယ်ကိုအိမ်မှာဘဲသင်စေချင်တာသိတယ်မှတ်လား တစ်ခုခုဆို ဦးကိုဖုန်းစက်လိုက် ညနေလာကြိုမယ်နော် ကိုယ်ရဲ့ကလေးလေး"
"ဟုတ်ကဲ့ပါဦးရဲ့ "
*ဦးကလဲမပြန်သေးဘူးလားမသိဘူး အခုတစ်ကျောင်းလုံးလိုလိုသူတို့ကိုကြည့်နေကြတော့ သူလဲရှက်တာပေါ့ သူလူကြီးကြည့်ရတာဂရုစိုက်မဲ့ပုံမရှိပင်မဲ့ နောက်ပီး ေကာင်မလေးတွေကလဲ ဦးကိုဝိုင်းကြည့်နေကြတာ မျက်စိကြွတ်ကြသွားတော့မလားထင်ရတယ် ဟွန့်ဒီလူကြီးကလဲချောနေလိုက်တာမပြောချင်ဘူး *
ခနနေတော့ သူတို့ကားရပ်ထားတဲ့နေရာကိုလူကြီးတစ်ယောက်အပြေးအလွှားရောက်လာပီး
"ဟိုသခင်ကြီးတို့ရောက်လာပီလားဗျ ကျွန်တော်တောင်းပန်ပါတယ် "
* သူတို့ကိုခါးကျိုးမတတ်အရိုအသေပေးနေတဲ့လူကိုကြည့်ပီးထယ်ယောင်းသနားလာသလိုဘဲလူတစ်ထောင်ကျော်မကတဲ့နေရာမှာလူတစ်ယောက်ကိုရိုရိုသေသေအော့ကျို့ခံဆက်ခံနေရတာ........... ဟင်း......ငွေ....,....... ငွေ.... တော်တော်အရေးပါတဲ့ငွေပါလားနော်*
ကလေးငယ်က ဘယ်တွေစိတ်ရောက်နေတာလဲ ကျောင်းကိုလာထဲကကားပေါ်မှာစကားလဲသိပ်မပြောသလို အခုကျောင်းရောက်တော့လဲ စကားနည်းနည်းဘဲပြောတယ် သူ့ကိုအိမ်မှာလိုကပ်မချွဲတော့ဘူး နောက်ပီးသူလေးကဘေးပတ်လည်ကိုကြည့်ပီး ဘာကိုအလိုမကျဖစ်သွားလဲမသိဘူး နှခမ်းလေးကအပြင်ကိုနည်းနည်းတောင်ဆူထွက်လာသေးတယ် ကျောင်းအုပ်ရောက်လာတော့လဲအဲကျောင်းအုပ်ကိုကြည့်ပီး သက်ပြင်းလေးပါချလိုက်သေးတယ် ဘာတွေအလိုမကြပြန်ဘူးလဲကလေးငယ် သဘောမကြတာရှိရင်ဦးကိုပြောပါ ငယ်အတွက်အကုန်ဖြည့်စည်းပေးမှာမို့
"ငယ်လေးဒါက ဒီကကျောင်းအုပ် "
"ဟုတ်တွေ့ရတာဝမ်းသာပါတယ်ဗျ"
"ငယ်လေးကဒီနေ့ကစပီကျောင်းတတ်လေ့မယ် သေချာဂရုစိုက်ပေး ငယ်တစ်ခုခုဖစ်ရင်မင်းတို့ကျောင်းကော လူကော ပျက်စီးသွားစေရမယ်"
YOU ARE READING
အပိုင် (system) အပိုင္ (system) completed
Romanceအတ္တမြစ်ဖျား....(completed) အတၱျမစ္ဖ်ား....