part-68(အတိတ်သို့...ရောက်ရှိနေခြင်း)

735 75 6
                                    

ကောင်းကင်ကြီးက တိမ်ကင်းစင်ပီး အဖြူရောင်စာရွက်​ဗြောင်ကြီးကဲ့သို့ပင်...

နူးညံစွာတိုက်ခတ်နေသော လေပြေတေကလဲ လေထုထဲတွင် အေးမြစွာ....

စမ်းလန်းသော ပတ်ဝန်းကျင်နှင့်အတူ လှပ၍ရှားပါးသောပန်းများက ထိုနေရာဟာ လူပြည်မဟုတ်ဟု ပြောနေသလိုပင်

လှပသောပန်းပေါင်းစုံအလည်တွင် ကျယ်ပြန့်သောရေကန်ကျယ်ကြီးရှိနေပီး...
ရေကန်ကျယ်ကြီးထဲရှိ ကြည်လင်သောရေများသည် လေပြေများကြောင့် လှုပ်ခါကာ လူများ၏လက်​ဖြင့် ကန်ရေပြင်အား ပုတ်ခတ်မှုကြောင့် ရေများရွေ့လားစေသကဲ့သို့ဖစ်နေလေသည်

ထိုရေကန်ကျယ်ကြီးထဲရှိ ကြာပန်းဖြူများကလဲ မွှေးပျံသောအနံ့များအား ထုတ်လွှတ်ကာ အေးမြသောလေပြေများထဲတွင်​ ကြာပန်းနှံ့သင်းသင်း​လေးဟာလဲ ပျံနှံနေပီး ထိုနေရာအား သာမာန်ထက်ထူးကဲလှအောင် ပံ့ပိုးပေးနေခြင်းပင်

"မိုင်းဘယ်ကိုရောက်လာတာလဲ....ဒါကဘယ်နေရာလဲ...daddyရေ...daddy"

ထူးဆန်းစွာ သူလမ်းလျှောက်လို့ရနေ၏

ထိုတိတ်ဆိတ်ဖွယ် ပတ်ဝန်းကျင်တွင် အနက်ရောင်ညအိပ်ဝတ်စုံလေးဖြင့် ကောင်ငယ်လေးသည် ယောင်လည်လည်....

နို့နှစ်ရောင်ခြေထောက်တစ်စုံသည် စမ်းလဲ့သော မြက်ပင်တိုလေးများအား ဖြတ်ကျော်ကာ ထိုကောင်ငယ်လေးနားသို့ တစ်လှမ်းချင်းတိုးကပ်လာလေသည်

ရှည်လျားသောဝတ်ရုံဖြူကြောင့် ထိုလူဖြတ်ကျော်လာသော နေရာတစ်ချို့ရှိ မျက်ပင်များသည် ဝတ်ရုံအောက်သို့ နှစ်မြှုပ်သွားပီး ဝတ်ရုံအောက်မှလွတ်မြောက်သွားချိန်တွင် မြက်ပင်တိုလေးများသည် လှပသောပန်းများပွင့်ဖူးကာ လေပြေအေးကြောင့် နူးညံစွာလေတိုက်ရာသို့ နွဲ့နှောင်းရွေ့လျားနေကြလေသည်

ထိုမြက်ပန်းပင်ငယ်များ၏ပုံသည် လူသားများပျော်သဖြင့် ကခုန်မြူးတူးနေဟန်နေ တူနေသလိုပင်...

မိုင်းလက်လေး​အား အနောက်မှရုတ်တရက်ကိုင််တာကြောင့် ​လန့်သွားပင်မဲ့ ထိုသူ၏လက်ဖဝါးသည် daddyကဲ့သို့ပင် မိုင်း...နွေးထွေးမှု လုံခြုံမှုတို့ကိုခံစားရလေသည်

အပိုင် (system)  အပိုင္ (system) completedМесто, где живут истории. Откройте их для себя