part 45

1.6K 163 11
                                    

"အင်း.....အ့..နာလိုက်တာ"

နာကျင်တဲ့ခန္ဓာကိုယ်နဲ့အတူ နိုးထလာခြင်းဖစ်သည် ပြန်တွေးကြည့်တော့ သူပေါက်စီလေးနဲ့အတူကမ္ဘာကူးပြောင်းလာတယ် ကူးပြောင်းမှုအပီး သူလှောင်အိမ်တစ်ခုထဲရောက်နေတယ် ပီးတော့ သူနာကျင်လွန်းလို့မေ့မြောသွားခဲ့သည်

သူအခုရောက်နေတာက အိမ်ကျဥ်းကျဥ်းလေး ဘာပရိဘောဂမှမရှိသလို တစ်အိမ်လုံးကလဲစုတ်ပြတ်သတ်နေလေသည် သူဝတ်ထားတာလဲ သူမမေ့ခင်က မည်းငြစ်နေတဲ့ အဖြူရောင်ဝတ်ရုံ သူမျက်နှလေးမှာလဲမမေ့ခင်ကအတိုင်း တစ်ခုခုဖုံးအုပ်ထားသည် သေချာကိုင်ကြည့်လိုက်တော့ ပါဝါတစ်ခု....

(hostနိုးပီလား....)

*ပေါက်စီလေးငါဘယ်ရောက်နေတာလဲ နောက်ပီးဇာတ်ကြောင်းဖတ်ပြအုံး*

(hostအခုရောက်နေတာ လန်နိုင်ငံရဲ့ အစေခံ ရေခဲနန်းဆောင် ဒီနန်း​ဆောင်ကိုရောက်တဲ့သူတွေက အပစ်ကြီးကြီးပေးခံရပီးလွတ်လမ်းမရှိဘဲ ဒီလိုဘဝနဲ့သေဆုံးရတယ်...

ကျွန်တော် ဇာတ်ကြောင်းဖတ်ပြမယ် ဇာတ်လိုက်ကလန်ဝမ့်ကျီ သူကလန်နိုင်ငံရဲ့ဘုရင် ရက်စက်တယ် ယုတ်မာတယ် သွေးအေးတယ် သူလိုချင်တာကိုမရရအောင်ယူတတ်သလို သူမပိုင်ရင်လဲဖျက်စီးတတ်တယ် အငြိုးကလဲကြီးပီး အမြဲဒေါသတွေနဲ့ပြည့်နေတတ်တဲ့ ဘုရင်တစ်ပါး သူအကြောင်းဟာတိုင်းပြည်တိုင်းမှာ သတင်းစိုးနဲ့ကျော်ကြားတယ်...

ဇာတ်လိုက်မက ချင်လီ သူကစစ်သုံ့ပန့်းကနေပါလာပီး လန်နိုင်ငံရောက်တော့အစေခံအဖစ် အလုပ်လုပ်ရင်း ဘုရင်ကမြင်ပီချစ်မိသွားသည် ဘုရင်ကရက်စက်တတ်ပင်မဲ့ ချင်လီပေါ်မှာ ဂရုစိုက်တယ် နူးညံတယ် ပထမကချင်လီကို မိဖုရားခေါင်မြှောက်ဖို့ အမတ်တွေက သဘောမတူကြပင်မဲ့ ဘုရင်ကိုကြောက်တာကြောင့်သဘောတူလိုက်ရသည်

နောက်တော့ပျော်ရွှင်စွာပေါင်းဖက်ပီး ကလေးတစ်ယောက်မွေးကာ happy endingပါ host​ ​နောက် ပီးဒီကမ္ဘာမှာ ကောစိုတာရှိတယ် host...ကောတွေက ကလေးမွေးလို့ရတယ် ဒါပင်မဲ့ သူတို့ကအရမ်းနူးညံပီး စိတ်ခံစားလွယ်တယ်တဲ့)

"ငါရောက်နေတဲ့ ခန္ဓာကိုယ်ကကော "

(hostရောက်နေတဲ့ ခန္ဓာကိုယ်က ကျန်းနိုင်ငံရဲ့ မင်းသားလေးဝေ့ရင်း..... သူကကောတစ်ယောက်... စိတ်ထားနူးညံတယ်ဖြူစင်တယ် ဘယ်အရာမစိုကောင်းတဲ့ဘက်ကကြည့်ပီးပျော်အောင်နေတယ်ဒါပင်မဲ့ ......လန်ဘုရင်က ဝေရင်းကိုပျက်စီးစေချင်တာကြောင့် ဝေ့ရင်းခမည်းတော်လဲသေဆုံးရော လန်ဘုရင် ကဝေ့ရင်းတို့တိုင်းပြည်ကိုသိမ်းပိုက်ခဲ့တယ်
လနအဘုရင်တိုင်းပြည်ကိုသိမ်းတယ်လဲဆိုရော ဝေ့ရင်းရဲ့မယ်တော်က ကိုယ်ကိုကိုယ်အဆုံးစီရင်ခဲ့တယ်..ဝေ့ရင်းကို ဒီအစေခံအအေးနန်းဆောင်မှာဘဲ ထားတာကြောင့် ​​ဆောင်းတွင်းမှာဝေ့ရင်းဟာ ကောဖစ်တာကြောင့်ကော အစာမစားရတာကော စောင်မရှိ နွေးထွေးတဲ့အကျီမရှိတာကြောင့် အေးခဲပီးသေဆုံးခဲ့တယ် ဒါပင်မဲ့ တစ်နေ့နန်းတော်ထဲမှာ မိဖုရားခေါင်ကိုလုပ်ကြံမှုဖစ်ဖစ်ခဲ့သည် ထိုလုပ်ကြံမှုမှာ ချင်လီကဘာမှမဖစ်ခဲ့သလို လုပ်ကြံတဲ့လူကို ဖမ်းမိတဲ့ အချိန်မှာ ထိုလူက သူကိုယ်သူသတ်သေခဲ့သည်...... အဲနေ့မှာ နှင်းတွေဖမ်းလွှမ်းနေတဲ့ အစေခံရေခဲနန်းဆောင်မှာရှိနေတဲ့ ဝေ့ရင်းရဲ့အေးခဲနေတဲ့ရုပ်အလောင်းကလဲ ပျောက်ဆုံးခဲ့သည်.......မောလိုက်တာ....အဲတာhostအကြောင်းဘဲ....)

အပိုင် (system)  အပိုင္ (system) completedWo Geschichten leben. Entdecke jetzt