part 49

1.6K 153 17
                                    

ကမ္ဘာကြီးမတည်ရှိ​ သေးခင်နှင့်လူသားများမမွေးဖွားခင်ကာလ......

ကမ္ဘာဦးးနတ်ဘုရားဟာ အမှောင်နတ်မိစ္ဆာသခင်မနဲ့ချစ်ကြိုက်ပီး သားတော်တစ်ပါးမွေးဖွားလာခဲ့လေ့မယ် ဒါပင်မဲ့ထိုသားတော်ဟာ မွေးဖွားထဲကအမှောင်စွမ်းအားတွေပြည့်နေပီး မကောင်းတဲ့ အတ္တတွေနဲ့ဖုံးလွှမ်းနေခဲ့မယ် သူမွေးဖွားသည့် အချိန်ကို ကြိုပီးတော့ ......ထိုကိစ္စပြောပီး မကြာခင်မှာ ဘုရားရှင်ကဟောကိန်းတစ်ခုထုတ်ခဲဲ့ ပြန်တယ်

ထိုကလေးဟာ ကမ္ဘာပေါ်က အလှဆုံးအရာတစ်ခုကို အပိုင်ရခဲ့လိမ့်မယ်...ဒါပင်မဲ့ သူကိုယ်တ်ိုင်ဘဲ ထိုလှပတဲ့အရာလေးကို အတ္တတွေနဲ့ဖုံးလွှမ်းပီး ဖုံးချုပ်ထားမိလေ့မယ့်

ဒါပင်မဲ့သူဟာဘုရားရှင်ရဲ့ ဆုတောင်းတွေရခဲ့တာကြောင့် သူဟာအမြဲအနိုင်ရလေ့မည်

ထိုကိစ္စတွေဟာဟောကိန်းထုတ်ထားတဲ့အတိုင်းဘဲဖစ်လာခဲ့တယ် အမှောင်နတ်ဘုရားမှကိုယ်ဝန်စရရခြင်းအချိန်မှာ မြူတွေနဲ့ဖုံးလွှမ်းထားတဲ့ နန်းတော်တစ်ခုပေါ်လာခဲ့တယ်

ဒါပင်မဲ့ထိုမြူနန်းတော်က အဖြူရောင်တွေဖြစ်ပီး အရမ်းကိုစင်ကြယ်လွန်းသည်...သူဟာထိုမြူတွေကိုကြည့်ပီး သူလဲအရမ်းစင်ကြယ်ပီး ဖြူစင်တဲ့သားတော်လိုချင်တယ်လို့အမြဲပြောနေခဲ့သည်...အမှောင်နတ်ဘုရားမကလေးမွေးဖွားပီး....ထိုခလေးငယ်မွေးဖွားလာတာနဲ့တပြိုက်နက် မြူနန်းတော်ဆိုတဲ့ မြူဖုံးလွှမ်းနေတဲ့ နေရာကြီးမှာလဲ ကလေးငိုသံကြားလိုက်ရသည်

ဒါပင်မဲ့အမှောင်နတ်ဘုရားမမွေးလာသည့် ကလေးသည် စွမ်းအားတွေအရမ်းကြီးတာကြောင့်,သူငိုကြွေးသည်နှက့်တစ်ပြိုင်နက် နတ်ဘုရားတော်တော်များများ နတ်သက်ကြွေကုန်လေသည် အမှောင်နတ်ဘုရားမသည် ထိုကလေးကို မကောင်းဆိုးဝါးလို့သာခေါ်စေပီးထိုခလေးကိုထားခဲ့ကာ မြူနန်းတော်ဆီသွားခဲ့သည်

ကမ္ဘာဦးနတ်ဘုရားဟာလဲ အမှောင်နတ်ဘုရားနဲ့ အတူ မြူနန်းတော်ကိုလိုက်သွားးပီး.....သူတို့၏သားတော်ကို ထိုနေရာတွေထားပစ်ခဲ့ကြသည်.... သူတို့မမြင်ခဲ့တာက စကားတောင်မပြောတတ်သေးသော ထိုကလေး၏မျက်လုံးမှ သွေးများကျနေသည်ကို......

အပိုင် (system)  အပိုင္ (system) completedTempat cerita menjadi hidup. Temukan sekarang