တစ်ပတ်အကြာမှာ လန်ဘုရင်ဟာ တဖက်နိုင်ငံမှမင်းသားကိုဧကရီ မြှောက်လိုက်ပီးဆိုတဲ့သတင်းထွက်လာ၏ နိုင်ငံနှစ်ခုလုံးကို တရားမျှတစွာအုပ်ချုပ်ခဲ့သည်ကြောင့် အပစ်ပြောမဲ့သူမရှိခဲ့ ပြော လို့လဲရမှာမဟုတ်ဘူးလေ
ဧကရီဟာ အရမ်းရုပ်ဆိုးတယ်လို့နိုင်ငံတော်တော်များများမှာနာမည်ကြီးခဲ့ပီး ဧကရီရဲ့ကြင်နာတတ်တာတေ သနားတတ်တာတေနဲ့ မေတ္တာတရားတေကြောင့် ပိုကျော်ကြားလာခဲ့တယ်
ဧကရီတင်မြှောက်တဲ့နေ့မှာ အရမ်းလှပတဲ့အရှားပါးဆုံးကြာပန်းတေကို ဝေ့ရင်းလက်ခံရရှိခဲ့ပီး အလှပဆုံးအပြုံးကိုပြုံးလိုက်ကာ ထိုကြာပန်းများထဲမှတစ်ပွင့်ကို သူဆံနွယ်တေပေါ်မှာ ပန်ဆင်ခဲ့တယ်
လန်ဘုရင်ဟာလဲ သူဒေါသတေကိုလျှော့ပစ်ကာ အေးချမ်းစွာတိုင်းပြည်ကိုအုပ်ချုပ်ပီး သူဧကရီကို ပိုပီးချစ်မြတ်နိုးစွာဂရုစိုက်မှုတေကြောင့် လန်ဘုရင်ကအချစ်တတ်ဆုံးနဲ့ အထက်မြတ်ဆုံးဘုရင်အဖစ်ထင်ရှားခဲ့တယ်
ရန်နိုင်ငံဟာ အေးချမ်းပီး သာပင်မဲ့တိုင်းသူပြည်သားတေဟာ အပြုံးမရှိကြတော့ပါဘူး
သူတို့ဘုရင်ဟာ အမြဲကြာပန်းတေကိုငေးငိုင်ကြည့်ပီးပြုံးနေတတ်ပင်မဲ့ ထိုအပြုံးတေက နာကျင်ခြင်းအပြုံးတေဆိုတာသူတို့သတိထားမိလာလို့ပါဘဲဒါပင်မဲ့သူတို့က နေရာတိုင်းလိုလိုမှာကြာကန်တေကြာပန်းတေစိုက်ထားလေ့ရှိကြပါတယ် သူတို့ဘုရင်ကိုပြုံးနေစေချင်လို့ပါတဲ့
တိုင်းပြည့်လှည့်လည်တိုင်းကြာပန်းတေနဲ့ပြည်သူတေကိုကြည့်ပီးပြုံးနေတတ်တဲ့သူတို့ဘုရင်ဟာ ကြာပန်းလှလှလေးတေကိုကြည့်ပီးတောင်းယူတတ်သလို တစ်စုံတစ်ယောက်ကိုလဲ သူကိုယ်တိုင်သွားပေးတတ်ပါသေးတယ်တဲ့
သူတို့ဘုရင်ဟာ ဧကရီလဲမရှိခဲ့သလို မိဖုရား ကြင်ယာတော် ကိုယ်လုပ်တော်လဲမထားခဲ့ပါဘူး ထိုဘုရင်သေဆုံးတာတောင် ကိုယ်ရံတော်တေမသိလိုက်ကြပါဘူး
ဘာလို့ဆို သူကကြာပန်းလေးကိုပိုက်ပီးစစ်မှန်တဲ့အပြုံးလေးပြုံးကာ အသက်ရှုရပ်တန့်သွားခဲ့တာကြောင့်ပါ
VOCÊ ESTÁ LENDO
အပိုင် (system) အပိုင္ (system) completed
Romanceအတ္တမြစ်ဖျား....(completed) အတၱျမစ္ဖ်ား....