"ငယ်လေးနိုးပီလား....."
"ဟုတ်...ဦးငယ်ဘာဖစ်သွားတာလဲဟင်...ငယ်ဦးကိုလာကြည့်တာ...ဦးကတခြားမမကိုပြုံးပြနေလို့ ငယ်အရမ်းဝမ်းနည်းသွားတာဘဲသိလား"
"ပီးတော့လေ ငယ်ဒီကိုပြန်ရောက်လာပီး....ငယ်မမှတ်မိတော့ဘူး....ဦး ငယ်မမှတ်မိတော့ဘူး...."
မျက်လုံးဝိုင်းဝိုင်းလေးများနှင့်ခလေးငယ်သည် သူဘာမှမမှတ်မိ၍ ဝမ်းနည်းနေပီးငိုချင်နေဟန်ရှိသည်
"ဘာမှမဖစ်ပါဘူးငယ်လေးရဲ့...ငယ်လေးကစိတ်ဆိုးပီးအိပ်ပျော်သွားတာ"
သူနန်းဆောင်ကိုပြန်လာပီးအိပ်ပျော်သွားတာတဲ့.....သူဘာမှမမှတ်မိတော့ပါ...သူဘာတေလုပ်မိလို့လဲ.....
.ဘာလို့အထိန်းတော်ကြီးရဲ့မျက်စိထဲမှာသနားနေတဲ့အရပ်အယောင်တေရှိနေရတာလဲ ဘာလို့ဦးရဲ့မျက်လုံးထဲမှာ သူ့ကိုယ်သူ့အပစ်တင်တဲ့အရိပ်အယောင်တွေတွေ့နေရတာလဲ....ဘာတွေဖစ်သွားတာလဲ.....
ဦးရဲ့စိတ်မကောင်းဖစ်နေတဲ့မျက်နှာကို သူမကြိုက်ပါ
ဦးကသူ့ကိုချီပီးပေါင်ပေါ်တင်ကာရင်ခွင်ထဲ ထည့်လိုက်တာကြောင့် သူ့လက်နှစ်ဖက်ကဦးရဲ့လည်ပင်းမှာချိတ်လျက်.....
"ခလေးငယ် ဟိုမင်းသမီးကိုပြုံးပြတယ်ဆိုတာငယ်လေးလာမှန်းသိလို့ ဦးကစတာပါနော် နောက်ခါဦးမစတော့ဘူးနော် ခလေးကစိတ်မကောင်းဖစ်ရဘူး"
"ဟုတ်ကဲ့...ဦး ခလေးက များကြီးချစ်တယ်နော်"
"ဦးလဲအများကြီးချစ်ပါတယ် ပူတူးတူးလေးရဲ့"
သူတို့နှစ်ယောက်ရဲ့ကြား ချစ်ခြင်းတေနဲ့ပျံနှံ့နေသလို ဘေးတွေရပ်နေသော အထိန်းတော်ကြီး၏ မျက်နှာထက်တွင်လဲ အပြုံးများဖစ်တည်နေလေသည်
သည်အခိုက်အတန့်ကို အမြဲတန်းမြင်ချင်လေစွ....
............
လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်
ကမ္ဘာဦးနတ်မင်းနဲ့ အမှောင်နတ်ဘုရားမ သေဆုံးပီးအချိန်ကာလ
နန်းဆောင်ကျယ်ကြီးထဲ မှောင်မည်းနေတဲ့နေရာတွေနဲ့ အေးစက်စွာဖစ်တည်လျက်.....
YOU ARE READING
အပိုင် (system) အပိုင္ (system) completed
Romanceအတ္တမြစ်ဖျား....(completed) အတၱျမစ္ဖ်ား....