part-55

1.2K 119 3
                                    

ကောင်းကင်နန်းတော်

"ဟို....အုပ်ချုပ်သူ.....ကျွန်တော်အုပ်ချုပ်သူကိုကြိုက်လို့ ကျွန်တော် ကိုလက်ခံပေးပါ"

"ဒီမှာမင်းမှားနေပီထင်တယ် ကိုယ်ကလက် ထက်ထားပီးသားလေ နောက်ပီး မင်းကအမှောင်နန်းတော်ကမဟုတ်လား ဒီလိုခိုးဝင်တာက ပစ်မှုမြောက်တယ်နော်"

"ကျွန်တော် ဂရုမစိုက်ဘူး ခဗျားလက်ထက်ထားပီးသားဆိုတာလဲကျွန်တော်သိတယ် ဒါပင်မဲ့ ခဗျား လဲသိမှာပါ ကျွန်တော်တို့က လိုချင်တာကိုမရရအောင်ယူတတ်တယ်ဆိုတာ"

"ဒီမှာကိုယ်လဲမင်းကိုပြောလိုက်မယ် ကိုယ်ကလက်ထက်ထားပီးတဲ့သူ နောက်ပီး ကိုယ်မှာချစ်ရမဲ့သူရှိပီးသား ဒါကြောင့်မင်းလာမပက်သက်ဖို့တောင်းပန်ပါတယ်"

"ကျွန်တော်ကတော့ဂရုမစိုက်ဘူး.... အော်.....ဒါနဲ့ခဗျားခန္ဓာကိုယ်ကစောင့်ရမ်းလှတယ်..."

ပြောရင်း ထိုနတ်ဘုရားဟာ ပျောက်ကွယ်သွားပီး ဝေ့ဝဲသည်လဲ စိတ်သတ်သာရာရသွားလေသည် အဘယ်ကြောင့်ဆိုသော် အမှောင် နန်းတော်မှနတ်ဘုရားများသည် စွမ်းအားတွေမြင့်မားကာ သူဆီလာသောထိုနတ်ဘုရားသည် လဲစွမ်းအင်မြင့်သည်ထင်၏ သူနဲ့စကားပြောတာတောင် အပြင်ပန်းကတည်ငြိမ်နေပင်မဲ့ စိတ်ထဲတွင်ထိုနတ်ဘုရား၏ဖိအားများကြောင့် သူပစ်မလဲ​ေစရန် သူကိုယ်သူတော်တော်ထိန်းထားရသည်

သူဟာ ကောင်းကင်နန်းတော်ရဲ့ အုပ်ချုပ်သူတစ်ပါးဖစ်ပင်အဲ့ သူတွင်တိုက်ခိုက်ရေးစွမ်းအင်ဟူ၍မရှိ....သူဟာလူပြည်မှာတစ်သက်လုံးဘုန်းကြီးဝတ်၍ကုန်ဆုံးခဲ့သည့်အလျောက် သူ့တွင်တိုက်ခိုက်ရေးဆိုရင်လဲအတွေ့မကြုံမရှိ....

သူလူပြည့်မှာသေဆုံးပီးလို့ ကောင်းကင်နန်းတော်သို့ရောက်လာခဲ့တာတောင် သူဟာ .....သူ့ကိုယ်သူ ကိလေသာကုန်ခန်းနေသည်ဟုပင် သတ်မှတ်ခဲ့သေးသည်

ဒါပင်မဲ့ ထိုနတ်ဘုရား....သူထိုနတ်ဘုရားအား မြင်ခဲ့သည့်နေ့တွင် သူရဲ့ အေးခဲနေသည့်နှလုံးသားသည် ခုန်ထွက်မတတ် ခုန်လာခဲ့လေသည်

ထိုနတ်ဘုရားသည် သူကောင်းကင်နန်းတော်သို့မွေးဖွားပီးမကြားခင်မွေးဖွားလာခဲ့ခြင်းဖစ်လေသည် ထိုနတ်ဘုရားဟာ အကြီးအကဲ၏တူတော်အဖစ်မွေးဖွားလာခဲ့သည် သူဟာခန့်ညားတဲ့ရုပ်ရည်နဲ့ ချောမောသည့်အပြင် သူရဲ့အရှိန်အဝါသည်လဲ သာမာန်မဟုတ်.....သူသည်ကား.........ဖူးစားရေးနတ်မင်း.... "ထန်."....ဖစ်လေသည်...

အပိုင် (system)  အပိုင္ (system) completedWhere stories live. Discover now