( Unicode )
ဧကရာဇ် ထီးနန်းစိုက်ရာ နန်းမြို့တော်သည် အမှန်ပင် ခမ်းနားတင့်တယ်လှ၏။ ပန်းပေါင်းစုံဖူးပွင့်၍ လူပေါင်းစုံသက်ဝင်လှုပ်ရှားနေကြသော လမ်းမကြီးမှသည် ခပ်တိတ်တိတ်လမ်းသွယ်ကလေးများအထိ အကြည့်မလွှဲနိုင်အောင်ပင် မျက်စိပဒေသာဖြစ်ရသည်။ ရှောင်းကျန့်သည် အမြဲလိုလို အိမ်တော်ထဲက အပြင်မထွက်ပဲ စာကြည့်ဆောင်၌သာအချိန်ကုန်နေခဲ့သဖြင့် အနှီလှပမှုများအောက်တွင် ဆွဲဆောင်ခံလိုက်ရကာ မျက်တောင်မခတ်စတမ်း ငေးမောနေမိပါသည်။
သို့သော်ငြား သူ့ခမျာ ကြာကြာမကြည့်နိုင်။ တစ်ခါလောက်သာ ကြည့်ပြီးနောက်တွင် ရထားလုံး၏ ကန့်လန့်ကာအား ပြန်ချလိုက်တော့သည်။
"ဟူး"
သူ သက်ပြင်းများ ချနေမိသည်မှာ မရေမတွက်နိုင်တော့။ သက်ပြင်းတစ်ခုချတိုင်း အသက်တိုမည်ဆိုလျှင် နောက်ငါးနှစ်တောင် ခံတော့မည့် ပုံမပေါ်ပါချေ။
သခင်လေးဖြစ်သူ၏ ပူပန်မှုကို မြင်နေရသည့် ရထားလုံးမောင်းသူက ဆိုလာ၏။
"ကြောင့်ကြမနေပါနဲ့ သခင်လေး ဘာပဲဖြစ်ဖြစ် အိမ်ရှေ့စံက ကလေးတစ်ယောက်ပဲရှိသေးတာ မဟုတ်လားခင်ဗျာ "
ထိုသူ၏နှစ်သိမ့်ပေးမှုက ရှောင်းကျန့်၏ရတက်မအေး ဖြစ်နေသော စိတ်ကို အနည်းငယ်တော့ သက်သာရာရသွားစေသည်။
အိမ်ရှေ့စံကို နည်းနည်းလောက် သင်ပြပြီး လိမ္မာသွားတာနဲ့ ဧကရာဇ်က အိမ်ပြန်ခွင့်ပေးလောက်မှာပါ
.
.
.ဧကရာဇ်နန်းဆောင်သို့ရောက်ရောက်ချင်းတွင်ပင် ရှောင်းကျန့်သည် ကိုယ်ကိုညွတ်ကိုင်းကာ ဧကရာဇ်အရှင်အား အရိုအသေပေးလိုက်သည်။
"အရှင်မင်းမြတ်ကို ရှောင်းကျန့် ဂါဝရပြုပါတယ်"
"မလိုပါဘူး ၊ ခေါင်းကိုသာမော့ပါလေ "
" မှန်လှပါဘုရား "
ရှောင်းကျန့် အမိန့်အရ ခေါင်းမော့လာပါသော်လည်း
မျက်လွှာကိုမူ ချထားဆဲပါပင်။ အသွင်အပြင်မှာ ကြော့ရှင်းရည်မွန်လှပြီး ရိုသေသမှုရှိသည်။ တစ်ချက်မျှ အကဲခတ်ရုံဖြင့် နောင်တွင် ကျက်သရေရှိစွာချောမောလှပမည့်လူဖြစ်ကြောင်းလည်း မှန်းဆနိုင်ပေ၏။
YOU ARE READING
Shizun
Historical FictionUnicode " ရှောင်းသခင်ငယ်လေးလိုလူမျိုးက သူ့အပိုင်ကိုမျှဝေရတာကို သဘောမကျဘူးလေ ၊ သူတစ်ယောက်တည်းပိုင်ရရင်ပိုင် မပိုင်ရရင် လက်လွှတ်လိုက်မဲ့လူမျိုး " Zawgyi " ရှောင်းသခင်ငယ်လေးလိုလူမျိုးက သူ့အပိုင်ကိုမျှဝေရတာကို သဘောမကျဘူးလေ ၊ သူတစ်ယောက်တည်းပိုင်ရရင်ပိုင...