( ၁၅ )

3.4K 399 14
                                    

( Unicode )

ဆရာသခင်ဖြစ်သူက ပြောချင်ရာသာပြောပြီးနောက် ကြော့ကြော့ကလေး ထွက်ခွာသွားခဲ့ပါ၏။ အိမ်ရှေ့စံသည် ကျောက်တံတားပေါ်၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေပြီး အမူအရာမှာလည်း ရှုပ်ထွေးလျက်ရှိသည်။

ရှောင်းသခင်ငယ်လေးက ဤသို့ပြောခဲ့ပါ၏။

  " အနောက်မြောက်နယ်စပ်မှာ သူခိုးဓားပြတွေ ပေါများလှတာ အရှင့်သား သွားမနှိမ်နှင်းချင်ဘူးလား "

ပုံမှန်ဆိုလျှင် ဝမ်ရိပေါ် မည်သည့်အတွေးမျိုးမှ မတွေးပါဘဲ ဆရာဖြစ်သူ၏ဆန္ဒအတိုင်း ခမည်းတော်အား ခွင့်တောင်းကာ နယ်စပ်သို့ ချီတက်သွားမည်ဖြစ်သည်။ သို့သော် ယခုအခြေအနေက ရုတ်ခြည်းဆန်လှသဖြင့် သူသည် ဒွိဟဖြစ်ဖွယ် အတွေးများကို ခေါင်းထဲ မရပ်တန့်နိုင်အောင် တွေးတောမိနေသည်။

နယ်စပ်ပြဿနာက သိပ်မသေးသော်လည်း အိမ်ရှေ့စံတစ်ပါးလုံး ချီတက်သွားရသည်အထိ မကြီးမားလှပါ။ စစ်တန်းလျားမှ အရည်အချင်းရှိသော စစ်သူကြီးတစ်ယောက်လောက် လွှတ်လိုက်ရုံဖြင့် အဆင်ပြေသွားမည့်ပြဿနာပင်။ ထို့ပြင် သူ့ထံတွင် သည်တစ်နှစ် နန်းတွင်းစာမေးပွဲကို ဦးစီးရမည့် တာဝန်လည်းရှိနေသေး၏။

ထိုတာဝန်ကိုပင် မျက်နှာလွှဲခိုင်းနေသော ရှစ်ဇွင်း၏ ခေါင်းထဲတွင် ဘယ်လိုမျိုး အတွေးတွေရှိနေသလဲအိမ်ရှေ့စံ လိုက်မမီနိုင်တော့ပါချေ။

.
.
.

နန်းမြို့ရိုးဂိတ်ဝတွင်ဖြစ်သည်။

တာဝန်ရှိသူသည် မိမိရှေ့ရှိစိမ်းသက်သော အသွင်အပြင်ဖြင့် လူကို မေးလိုက်မိ၏။

" သည်ကလူကြီးမင်းက ဘာလူမျိုးလဲ သိပါရစေ "

မော့ယွင်က မျက်နှာသေဖြင့် နှုတ်ဆိတ်နေသည်။

သူ့ပုံစံက မာနကြီး၍ အထက်စီးဆန်လှသော မမလေးနှင့်ပင် အသွင်တူလို့နေပြီး " ဘယ်သူ့ကိုမှ ဂရုမစိုက် " ဟု မျက်နှာတွင် ရေးသားထားသည့်နှယ် နံဘေးရှိ အမျိုးသားငယ်မှအပ အခြားတစ်ယောက်တလေကိုတောင် အကြည့်တစ်ချက်ပင် မစွန့်ကြဲပါချေ။

ShizunWhere stories live. Discover now