( ၂၅ )

2.5K 314 7
                                    

( Unicode )

နောက်ဆုံးသောပေလိပ်အား ဖတ်ရှုပြီးသည့်နောက်တွင် အိမ်ရှေ့စံက မျက်လုံးထောင့်စွန်းမှမြင်လိုက်ရသော စာအိတ်အနီလေးအား ကောက်ယူ၍ ဖွင့်ဖတ်လိုက်လေသည်။

အကြောင်းအရာမှာ မြို့စားမင်းဝူ၏ ထိမ်းမြားမင်္ဂလာပွဲပင် ဖြစ်ပါ၏။

ဝမ်ရိပေါ် ခပ်ဖွဖွလေး ရယ်လိုက်မိသည်။

နောက်ဆုံးတော့ မြို့စားမင်းဝူကဲ့သို့ ရေခဲကိုယ်တော်သည်ပင်
လက်ထပ်ဖို့အကြောင်းဖန်လာသည်ကိုး။

အိမ်ရှေ့စံ၏ အမူအရာကြောင့် အနားရှိ ကုန်းကုန်းက ပြောပြလာလေသည်။

" မြို့စားမင်းဝူရဲ့ ဇနီးလောင်းက တိုင်းတစ်ပါးက ကုန်သည်ကြီးရဲ့ အထွေးဆုံးသားပျိုလေးလို့ ကြားမိပါတယ်။
အရှင့်သားမရှိတဲ့ ကာလအတွင်း မြို့စားမင်းဝူခမျာ အဲသည့် လူရွယ်လေးကို ချစ်ခွင့်ပန်နိုင်ဖို့အရေး ရှောင်းသခင်လေးဆီက အကြံဉာဏ်တွေတောင်းခဲ့ရတာမှ အမောပေါ့ဗျာ "

" ရှစ်ဇွင်းက ကူညီပေးခဲ့တာတဲ့လား "

ကုန်းကုန်းက ခေါင်းညိတ်လျက် ဟုတ်ကြောင်းပြသလာ၏။

ရွှေနန်းတော်သို့ ပြန်ရောက်လာသည့်အချိန်မှစကာ ဝမ်ရိပေါ်သည် ညီလာခံသို့ ဝင်ရောက်လျက် ​​အနယ်နယ်အရပ်ရပ်ရှိ လူတန်းစားအမျိုးစုံမှ ဆက်သလာသော သဝဏ်လွှာများကို ဖတ်ရှုကာ လိုအပ်သည့်နန်းတော် အကူအညီများကို ထောက်ပံ့ပေးနေခဲ့ချေသည်။

သူ ပြုမိခဲ့သည့် ကမူးရှုးထိုးလုပ်ရပ်ကြောင့် ရှောင်းကျန့်က နှစ်ပတ်အတွင်း တစ်ကြိမ်မျှပင် ပေါ်မလာခဲ့ဘဲ ရှောင်းအိမ်တော်၌သာ တံခါးပိတ်အနားယူနေခဲ့ပေ၏။ လွမ်းသည့်စိတ်ကို နာစရာဖြင့်ဖြေရသည်ဟု ကြားဖူးနားဝရှိခဲ့သော်လည်း ထိုလူသားအပေါ် ရှိသည့် တစ်ခုတည်းသောခံစားချက်မှာ တောင့်တမြတ်နိုးမှုပင်ဖြစ်တာမို့ အိမ်ရှေ့စံသည် လုပ်ငန်းဆောင်တာများကြား ကိုယ့်ကိုယ်ကိုယ် နှစ်မြုပ်ပစ်ရုံသာ တတ်နိုင်ခဲ့သည်သာ။

အိမ်ရှေ့စံက ပင့်သက်ရှိုက်လျက် ဖိတ်စာအား စားပွဲပေါ် အသာအယာပြန်ချထားလိုက်ကာ ဆိုလာခဲ့သည်။

ShizunWhere stories live. Discover now