တစ်နေ့တွင်ရှောင်းအိမ်တော်ရဲ့သခင်ငယ်လေးထံသို့ "အိမ်ရှေ့စံမင်းသားရဲ့ ဆရာသခင် ဖြစ်ပေးပါ" ဆိုသည့်နန်းတော်မှ အမိန့်စာရောက်ရှိလို့လာ၏။ မင်ရောင်နက်နက်နက်များဖြင့် ရေးသားထားသည့် စကားလုံးများမှာ များပြားလှသော်ငြား ဆိုလိုရင်းကတော့ ထိုသို့ပင်ဖြစ်ချေသည်။
အောက်ဆုံး၌ ထည်ထည်ဝါဝါရှိနေပါသောနဂါးတံဆိပ်တော်ကြီး ကို မြင်ပြီးနောက် ရှောင်းကျန့်သည်ကား အောင့်သက်သက်ဖြင့် ငြင်းဆိုမည့် စကားများအား ပြန်လည်မျိုချလိုက်ရတော့ပေ၏။
ဧကရာဇ်က သူ့ကို တောင်းဆိုသည်မဟုတ် အမိန့်ပေးခြင်းသာဖြစ်သည်။
ရှောင်းအိမ်တော်သည် ရေမြေ့အရှင်သခင်ထံ၌ နှစ်ပေါင်းများစွာ သစ္စာတော်ခံခဲ့သည့်အတွက် သည်အခါတွင်လည်းပဲ ဧကရာဇ်၏ အမိန့်တော်ကို လွန်ဆန်၍မရနိုင်ပါချေ။
ထို့ကြောင့် ရှောင်းကျန့် မဖြစ်မနေကို နန်းတော်တွင်း၌ ဝင်ရောက်အမှုတော်ထမ်းပေးရတော့ပေမည်။
ဤသည်မှာကိစ္စမရှိသေး။သူသည် လူ့လောကနှင့်အဆက်အသွယ်ဖြတ်ထားသကဲ့သို့ တစ်နှစ်ပတ်လုံး အိမ်တော်ထဲ၌သာနေထိုင်လေ့ရှိသည်။ အိမ်တော်မှအမှုထမ်းများကလွဲ၍ သူနှင့် အဆက်အဆံလုပ်ဖြစ်သည့်လူ များများစားစားမရှိ။ ယင်းက လူ့လောကအကြောင်းမသိနားမလည်ဟုမဆိုလို၊ ရှောင်းသခင်ငယ်လေးသည် အရွယ်ရောက်ပြီးသူများနှင့် မည်ကဲ့သို့စကားပြောရမည်ကို ကောင်းကောင်းသိထားသည်။
သို့သော် ကလေးတစ်ယောက်မှာမူ..
ထို့ပြင် ကြားဖူးနားဝရှိသည်မှာ အိမ်ရှေ့စံမင်းသားလေးသည် အလွန်စိတ်ဆတ်လှသည့်အပြင် သက်တော်ရှည် အမတ်ကြီးများပင် လက်မြှောက်အရှုံးပေးရသည် အထိ ခေါင်းမာလွန်းသည်ဟူ၍။
သူသည်ကား ယခုထိတိုင် ငယ်ရွယ်သေးသော
သာမန်သခင်လေးတစ်ယောက်သာဖြစ်၏။ အဘယ်ကြောင့်များ ဧကရာဇ်က ထိုကဲ့သို့သော ရွှေရည်စိမ်ဧကရာဇ်လောင်းလျာလေး၏ ဆရာသခင်အဖြစ် တာဝန်ယူခိုင်းရသလဲမပြောတတ်ပါပေ။"သခင်လေး"
အမိန့်တော်ပြန်တမ်းအမတ်တောင် အမိန့်လွှာအားဖတ်ပြ ပြီးသည်နှင့် ရှောင်းကျန့်အား သနားဂရုဏာသက်သည့်အကြည့်များဖြင့် ကြည့်လာသည်။
YOU ARE READING
Shizun
Fiksi SejarahUnicode " ရှောင်းသခင်ငယ်လေးလိုလူမျိုးက သူ့အပိုင်ကိုမျှဝေရတာကို သဘောမကျဘူးလေ ၊ သူတစ်ယောက်တည်းပိုင်ရရင်ပိုင် မပိုင်ရရင် လက်လွှတ်လိုက်မဲ့လူမျိုး " Zawgyi " ရှောင်းသခင်ငယ်လေးလိုလူမျိုးက သူ့အပိုင်ကိုမျှဝေရတာကို သဘောမကျဘူးလေ ၊ သူတစ်ယောက်တည်းပိုင်ရရင်ပိုင...