( ၄ )

4.9K 547 9
                                    

( Unicode)

ဘာလိုလိုနှင့် ရှောင်းကျန့် နန်းတော်ထဲရောက်လာသည်မှာ ခုနစ်ရက်ကျော်ကျော်ပင်ရှိတော့မည်။
နန်းတော်ထဲနေရတာ ကျဉ်းကျပ်လွန်းလှသည်။ မည်မျှ ကြီးကျယ်ခမ်းနားပါစေ အိမ်တော်လောက် သက်သောင့်သက်သာမရှိ။

ထို့ကြောင့် ရှောင်းသခင်လေးသည် ယနေ့တွင် နန်းပြင်ထွက်ရန် စဉ်းစားထားပြီး လူတောင် ဂိတ်တံခါးဝနားရောက်နေပြီဖြစ်၏။

" ရှစ်ဇွင်း "

အသံသေးသေးလေးကြောင့် ရှောင်းကျန့်က လက်ထဲမှ ယပ်တောင်ကို ဆတ်ခနဲပိတ်လိုက်သည်။

သည်ကလေးက ဘာလို့ သည်လာက်တောင် လူကပ်ရတာတုံး! ငါ့ကိုတစ်ယောက်တည်းပေးနေပါအုံး ဟုတ်ပြီလား

" အရှင့်သား?"

အိမ်ရှေ့စံဟာ သာမန်အရပ်ဝတ်ဟု ဆိုလို့ရသည့် အထည်မျိုးကိုသာ ဝတ်ဆင်ထားခဲ့ပြီး လက်လေး နောက်ပစ်လျက် လုံးလုံး လုံးလုံးနှင့် သူ့ထံ လျှောက်လာခဲ့ပေသည်။

"…………"

ရှောင်းကျန့်၏ တစ်ဦးတည်းသော တပည့်လေးသည် သူ့အား မော့ကြည့်လာ၏။

နှစ်ဦးသား၏ အရပ်ကကွာခြားလွန်းလှတာကြောင့် အိမ်ရှေ့စံက မကျေမနပ်စွာ နှာမှုတ်လိုက်သည်။

သူ တစ်ချိန်ကျလျှင် ရှစ်ဇွင်းထက် အရပ်ရှည်လာဖို့မျှော်လင့်သည်။ ဒါမှသာ ဇက်မညောင်းမှာပင်။

" ရှစ်ဇွင်းက နန်းပြင်ထွက်မလို့လား "

" မှန်ကြောင်းပါ "

" ကျွန်တော်လည်း လိုက်မယ်"

" မရ. "

"  ခမည်းတော်က ကိုယ်ရံတော်တွေထည့်ပေးလိုက်ပြီးသား"

ရှောင်းကျန့်က အိမ်ရှေ့စံ၏အနောက်ကို ခေါင်းစောင်းကြည့်လိုက်သည်။ အနောက်တွင် အရပ်ခပ်မြင့်မြင့်နွင့္ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းရှိသော အမျိုးသားတစ်ယောက်ရှိနေသည်။ ထိုသူက အနက်ရောင်ရိုးရာဝတ်စုံကိုဝတ်ထားကာ နှုတ်ခမ်းများကိုတင်းတင်းစေ့ထား၏။

သူ့အား လက်ယှက်ကာ နှုတ်ဆက်လာသော အနှီအမျိုးသားကို ရှောင်းကျန့်မြင်ဖူးသလိုရှိသည်။

ShizunWhere stories live. Discover now