( ၁၇ )

2.9K 353 6
                                    

Unicode

တစ်ပတ်ကြာပြီးနောက်တွင် ညီလာခံထဲမှ လေမုန်တိုင်းမှာ သဏ္ဍာန်ပေါ်စပြုလာပြီဖြစ်ကာ တစ်နေ့ထက် တစ်နေ့ ပိုမို ကြီးမားလာသည်။

ပထမဦးစွာဖြင့် အလယ်အလတ်အဆင့်အမှုထမ်းတစ်ယောက်၏ လာဘ်စားမှုနှင့် စတင်၍ ထိုမှတစ်ဆင့် မီးခိုးကြွက်လျှောက်ဆိုသလို အနောက်နန်းဆောင်နှင့် ညီလာခံထဲမှ အမတ်တချို့ ပူးပေါင်းကာ ကြိုးကိုင်ခြယ်လှယ်မှုများမှာ သက်သေနှင့်တကွ ပေါ်ထွက်လာခဲ့ပေ၏။ အနောက်နန်းဆောင်သည် ညီလာခံ၏ကိစ္စရပ်များအား ဝင်ပါရန် အခွင့်မရှိသောကြောင့် မုန်တိုင်းမှာ အရာအားလုံးကို ဖျက်စီးလုနီးနီး။ ကောင်းကင်သားတော်၏ အမျက်ဒေါသအောက်တွင် နှစ်ဆယ့်လေးယောက်သော အရာရှိများမှာ သုတ်သင်ခံလိုက်ရပြီး တချို့ကတော့ အကျဉ်းထောင်ထဲတွင်ဖြစ်၏။တချို့ကတော့ နယ်နှင်ဒဏ်ပေးခံလိုက်ရကာ ပဋိပက္ခပေါင်းများစွာနှင့် နန်းတော်တစ်ခုလုံးရှုပ်ထွေးနေသည်။

အိမ်ရှေ့စံနန်းတော်၌ မရှိသည်ကပင်ကံကောင်းသည်ဟုပြောရမည်သာ။ မဟုတ်လျှင် အလျှံတငြီးငြီးတောက်လောင်နေမှုများကြား ပြာပုံဖြစ်သွားရပေမည်။

တစ်ဖက်နှင့်တစ်ဖက်အချေအတင် ငြင်းခုံနေကြသည်ကို ရှောင်းကျန့်ကတော့ လက်ဖက်ရည်လေးငှဲ့လျက် ထိုင်သာကြည့်နေသည်။

အရာအားလုံးကို စီစဉ်ပြီးသွားပြီဖြစ်ရာ သူ့အဖို့ ပူပင်စရာမရှိလှပါပေ။

" မင်းသား၆ ကြွလာပါတယ် "

ရှောင်းကျန့်၏ အမူအရာမှာ အံ့သြခြင်းမရှိ။ ခေါင်းသာညိတ်၍ ဝင်ခွင့်ပြုလိုက်သည်။

" ရှောင်းသခင်လေး "

ဝမ်ရိချန်၏ ပုံစံမှာ အလွန်ပင်နွမ်းလျနေပုံရပြီး နန်းတော်သို့ပြန်ရောက်လာခါစနှင့် အတော်ပင်ကွာခြားသွားသည်။ တည်ကြည်ခန့်ညားလှသော မျက်နှာမှာ ချောင်ကျသွားကာ ထိုသူ၏ စိုးရိမ်သောကများအား အဝေးကပင် ခံစား၍ရနိုင်၏။

" ထိုင်တော်မူပါ ဘုရား "

ရှည်ရှည်ဝေးဝေးတွေ မပြောချင်တော့သည့်နှယ် ဝမ်ရိချန်သည် လိုရင်းကိုသာ တည့်တိုးဆန်စွာပင် ဖွင့်ထုတ်လာခဲ့သည်။

ShizunWhere stories live. Discover now