( ၁၃ )

3.6K 400 3
                                    

( Unicode )

နောက်တစ်နေ့တွင် ရှောင်းကျန့်သည် နေ့လည်ခင်းလောက်မှသာ နိုးလာခဲ့၏။ နိုးလာရသည်မှာလည်း ဟွေးအော်လာနှိုးသောကြောင့်ဖြစ်သည်။ မဟုတ်လျှင် သူ ဆက်အိပ်နေမိမှာပင်။

ယမကာအများကြီး မသောက်မိခဲ့တာဘဲ တော်သေးသည်ဟုပြောရမည် ခေါင်းနည်းနည်းမကြည်ရုံကလွဲ နာကျင်ကိုက်ခဲတာမျိုးမရှိလှ။

ရှောင်းကျန့် အဝတ်အစားများလဲပြီးနောက် ဟွေးအော်က လီချွင် ရောက်လာကြောင်း ပြောလာသည်။

သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အထက်သို့ ကော့တက်သွားရကာ အထဲသို့ဝင်လာခိုင်းရန် ပြန်ပြောလိုက်သည်။

လီချွင်ရောက်လာချိန်၌ သူ့မျက်နှာထက်တွင် နှစ်လိုဖွယ်ကောင်းလှသော အပြုံးတစ်ပွင့်အား ဆင်မြန်းထားလျက်သား ဖြစ်နေချေပြီ။

" လီသခင်လေးပါလား ကျန်းခန့်သာလို့မာပါလေစ "

ဟွေးအော်က လက်ဖက်ရည်ကြမ်းအား ချပေးသွားပြီးနောက် အလိုက်သိစွာပင် ထွက်ခွာသွားသည်။

ရှောင်းသခင်ငယ်လေးသည် အငွေ့များထနေသော လက်ဖက်ရည်ခွက်လေးအား နှုတ်ခမ်းနားတေ့ကာ အအေးခံနေပြီး စကားစလာ၏။

" လာရင်း ကိစ္စကိုပြောပါ "

' လီချွင်' ဆိုသူမှာ အမတ်ချုပ်ကြီးလီ၏ အကြီးဆုံးသားဖြစ်ပြီး ဖခင်နှင့်ခြားနားစွာ အမြဲလိုလို လောင်းကစားရုံ၌သာ အချိန်ဖြုန်းနေတတ်သူဖြစ်သည်။ စာပေလိုက်စားရမည့်အရွယ်က အလိုလိုက်အကြိုက်ဆောင်ခဲ့မှုများကြောင့် ပျက်စီးခြင်းငါးပါးဆိုက်နေသဖြင့်
ဖခင်ကလည်း မျက်နှာသာမပေးပါချေ။

အရပ်စကားနှင့်ပြောရလျှင် ထိုသူသည်ကား ဆန်ကုန်မြေလေး သခင်လေးတစ်ယောက်ပင်။

တစ်ဖက်လူက တိတ်ဆိတ်နေသဖြင့် ရှောင်းကျန့် ထပ်လောင်း မေးလာ၏။

" ရွှေစတစ်သောင်းက ကုန်သွားပြန်ပြီလား "

" ဟုတ်.. ဟုတ်တယ် "

ရှောင်းကျန့် မျက်ခုံးများကပင့်တက်သွားရသော်လည်း
သူ မအံ့သြမိပါ။

ShizunWhere stories live. Discover now