( Unicode )
ရှောင်းကျန့် အိမ်ရှေ့စံကို သင်ကြားပြသပေးနေသည့်အတောအတွင်း သိလိုက်ရသည်က အိမ်ရှေ့စံဟာ အတော်လေး ဉာဏ်ကောင်းလှသည်ကိုပင်။
ဆရာ ရှိမနေခဲ့သည့်တိုင်၊ ဆယ်နှစ်ပင် မပြည့်သေးသည့်တိုင် စကားလုံးအတော်များများကို ရေးသားတတ်နေခဲ့ပြီး ရွတ်ဖတ်ရာတွင်လည်း မဆိုးလှ။
သို့သော်လည်း လက်ရေးလက်သားတွင်တော့ အနည်းငယ် ပြေပြစ်မှုမရှိသေး၍ ရှောင်းကျန့်က အိမ်ရှေ့စံလေး၏ လက်ကို ထိန်းကိုင်ကာလေ့ကျင့်ပေးနေရသေးသည်။
" အရှင့်သားကို ဘယ်သူက သင်ပေးခဲ့တာပါလဲ "
" မယ်တော် "
ရှောင်းကျန့်" အော" ဟုသာ အသံပြုလိုက်ပြီး အိမ်ရှေ့စံ၏ လက်ကို ဆက်လက်ထိန်းညှိပေးနေ၏။ အိမ်ရှေ့စံလေးကလည်း သူ့လက်အားအုပ်မိုးထားသော လက်သွယ်သွယ်အား ခဏမျှစိုက်ကြည့်ပြီးနောက် စုတ်ချက်များကိုသာ ညီအောင်လိုက်ဆွဲနေတော့သည်။
.
.
." ညီလာခံ တက်ရပါတော့မယ်"
နန်းတော်သို့ ပြောင်းရွေ့လာပြီးနောက်တွင် ရှောင်းကျန့်၌ အနားယူချိန်အတော်လေးနည်းလာ၏။
ဧကရာဇ်အရှင်ကလည်း အိမ်တော်တွင်သာ နေချင်နေသည့် သူ့ကို တိုင်းပြည်အတွက် အကျိူးပြုစေချင်နေသည်မို့ သူဟာ အမတ်မင်းများသာ တက်ရောက်ရသော ညီလာခံကိုလည်းတက်ရသည်။
ဧကရာဇ်အပါးတော်မြဲထက်တောင် ဧကရာဇ်အနီးတွင် ခစားနေရပြီး ဗဟုသုတများစွာကို လိုက်လံမှတ်သားရလေ၏။
သူဟာ မနက်ခင်းတွင် အိမ်ရှေ့စံအား စာသင်၊ ပြီးနောက် ညီလာခံတက်ကာ ရှည်လျားထွေပြားလှသော အစီရင်ခံစာများ၊သဝဏ်လွှာများအား မကြားချင်သော်ငြား နားထောင်နေရပေသည်။ပြီးနောက် ညီလာခံမှ ပြန်အလာတွင် တစ်ဖန် အိမ်ရှေ့စံအား စာပြန်သင် ဤသို့ဖြင့် တစ်နေ့တာ ကုန်ဆုံးနေရပေသည်။
သို့သော်ငြား ကောင်းချက်တစ်ခုတော့ရှိသည်။
၎င်းမှာ တစ္ခါတရံ၌ အိမ်ရှေ့စံ သူ့တပည့်လေးသည် နှုတ်ခမ်းလေးဆူကာ သူ့လက်သေးသေးလေးများဖြင့် ရှောင်းကျန့်ကို နှိပ်နယ် ပေးတတ်သောကြောင့် ဖြစ်သည်။
YOU ARE READING
Shizun
Historical FictionUnicode " ရှောင်းသခင်ငယ်လေးလိုလူမျိုးက သူ့အပိုင်ကိုမျှဝေရတာကို သဘောမကျဘူးလေ ၊ သူတစ်ယောက်တည်းပိုင်ရရင်ပိုင် မပိုင်ရရင် လက်လွှတ်လိုက်မဲ့လူမျိုး " Zawgyi " ရှောင်းသခင်ငယ်လေးလိုလူမျိုးက သူ့အပိုင်ကိုမျှဝေရတာကို သဘောမကျဘူးလေ ၊ သူတစ်ယောက်တည်းပိုင်ရရင်ပိုင...