( ၁၈ )

2.7K 352 9
                                    

Unicode

ဝမ်ရိချန် ပြန်သွားပြီးနောက် ရှောင်းကျန့်က သက်ပြင်းရှည်ကြီးတစ်ခုချလိုက်ပါ၏။

သူက ခေါင်းအား စောင်းငဲ့လိုက်သည့်အခါ ကြေးမုံပြင်၌ထင်ဟပ်နေသော ပုံရိပ်တစ်ခုကိုမြင်လိုက်ရသည်။ ၎င်းကြေးမုံထက်ရှိ ယောကျာ်းပျို၏မျက်နှာသွင်ပြင်မှာ ခန့်ညားလှပလို့နေဆဲဖြစ်ကာ ရွှန်းလဲ့နေသော မျက်ဝန်းတစ်စုံနှင့် တုနှိုင်းမရအောင်ပင် ကြည့်ကောင်းလှသည်။

သို့ပေသိတိုင် ရှောင်းကျန့်မှာတော့ အနှီယောကျ်ားပျိုအား သေချာမသိတော့ပါချေ။

မည်သူပါနည်း?

နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက်တွင် ရှောင်းသခင်ငယ်လေး၏ စင်ကြယ်လှပါသော စိတ်အစုံမှာ စွန်းထင်းသွားခဲ့လေပြီးဖြစ်ကာ ကယ်တင်၍ မရနိုင်တော့။ သူသည်လည်းပဲ တစ်ချိန်က ရယ်သွမ်းသွေးမိခဲ့သူတို့ သကဲ့သို့ ပြောင်းလဲသွားချေပြီ။

မတတ်နိုင်ပါ

ရှောင်းကျန့်၏ အကြည့်များသည်ကား ကြေးမုံမှ ဖယ်ခွာသွားခဲ့ပြီး ဘာရယ်မဟုတ် စားပွဲပေါ်တင်ထားသောလက်ဆီ ရောက်သွားသည်။

အချိုးအဆစ်ကျလှသောလက်ချောင်းရှည်သွယ်သွယ်များတွင် ကျောက်စိမ်းလက်စွပ် တစ်ကွင်းက လှလှပပနေရာယူလျက်သား ရှိနေပြီး အလွန်ပင် ပနံသင့်လှ၏။

အနှီကျောက်စိမ်းမှာ ကြည်လဲ့လို့နေကာ အနွေးဓာတ်ဖျော့ဖျော့အား ထုတ်လွှတ်နေခဲ့သည်။

" လှသား "

သူက တီးတိုးရေရွတ်လိုက်ပါ၏။ မျက်နှာထက်တွင်လည်း နူးညံ့သိမ်မွေ့သော အပြုံးတစ်ပွင့်က တည်ရှိလို့နေခဲ့ပေသည်။

.

.
.

နယ်စပ်၏အအေးဓာတ်က  လျော့နည်းနေသည့်တိုင် ရွှေမြို့တော်နှင့် နှိုင်းစာလျှင်တော့ ရာသီဥတုက အနည်းငယ် ဆိုးရွားနေတုန်းပင်။

ဝမ်ရိပေါ်မှာ သားမွှေးဝတ်ရုံထူထူအား ဆင်မြန်းထားသော်လည်း သူ့လက်ဖျားများ၏ ထုံကျင်အေးစက်နေမှုကို အတိုင်းသားခံစားနေရလျက်သား။

ShizunWhere stories live. Discover now