( ၇ )

3.8K 445 1
                                    

( Unicode )

ရှောင်းဝေ့ သတိပြန်လည်လာသည်နှင့် မော့ရှစ်ရုန်က နတ်ဆေးတောင်ကြားသို့ အမြန်ပင်သွားသင့်ပြီ ဖြစ်ကြောင်း ဆိုလာသည်။ မြန်မြန်ကုနိုင်လေ ကောင်းလေ ပင်ဖြစ်တာမို့ ရှောင်းကျန့်လည်း အစ်ကိုအား ရှင်းပြပြီးသည်နှင့် လိုအပ်တာများပြင်ဆင်ပေးလိုက်ကာ ခပ်သွက်သွက်ပင် သွားစေလိုက်သည်။

"ကော ကျန်းကျန်းမာမာနဲ့ပြန်လာခဲ့၊ ကျွန်တော့် တွက် မရီးတစ်ယောက် ရှာပေးရအုံးမယ်လေနော်"

ပြောနေရင်းပင် သူ့ မျက်လုံးများ ကျိန်းစပ်လာသည်။

ပြန်တွေ့တာပင်မကြာသေး ထပ်မံခွဲခွာရတော့မည် မဟုတ်ပါလော

" ဒီအစ်ကိုက မရီးလှလှလေးရှာလာခဲ့ပါ့မယ်"

ရှောင်းဝေ့က သိပ်မပီပြင်လှသည့်တိုင် ရှောင်းကျန့်အား ကြည့်၍ ပြုံးပြလာ၏။ သူ လက်လျှော့ထားခဲ့သည့် အသက်ရှင်သန်ရေးကို ညီဖြစ်သူသည် နည်းနည်းလေးမှ အထိခိုက်မခံနိုင်ဘဲ သိပ်ကို ကြိုးစားပေးလွန်းနေသည်။ တွေးကြည့်လျှင် သွေးသားရင်းချာဟူ၍ သူတို့နှစ်ယောက်သာ ကျန်တော့သည်။ ရှောင်းဝေ့သာ ဆုံးပါးသွားခဲ့လျှင် ကျယ်ပြောလှသော လောကကြီးထဲ၌ ရှောင်းကျန့်တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့နေပေလိမ့်မည်။

အစ်ကိုတစ်ယောက်အနေဖြင့် သူဆက်ရှိနေပေးသင့်သည်။ ပံ့ပိုးပေးသင့်သည်သာ

"အစ်ကို့ကို ဂရုစိုက်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်"

မော့ရုစ်ရုန်က ခေါင်းညိတ်သည်။

"ခွင့်ပြုပါဦး"

မြင်းလှည်းသည် မနှေးမမြန် အရှိန်ဖြင့် ရှောင်းကျန့်တို့အား ချန်ရစ်ထားခဲ့လေ၏။

"သခင်လေး နန်းတော်ကိုပြန်တော့မှာလား"

ရှောင်းကျန့်က လမ်းမဘက်အား ကျောခိုင်းလိုက်ရင်း သက်ပြင်းဖွဖွချကာ ဆိုသည်။

"အင်း အိမ်တော်ကို မင်းလက်ထဲ အပ်ခဲ့ပါတယ်"

.

မိုးဦးရာသီ သို့ ကူးပြောင်းနေပြီဖြစ်သည်။ နေရာတိုင်းတွင် စိုစွတ်နေပြီး အအေးဓာတ်လည်း အနည်းငယ်ရှိနေသည်။ မြေသင်းနံ့နှင့် ကြည်လင်သန့်ရှင်းနေသော ကြာပန်းတို့၏ ရနံ့မှာ အချိုးကျစွာဖြင့် လေထုထဲ နေရာယူလို့ထားပြီး အေးစိမ့်မှုများဖြင့် လောကကြီးအား လွှမ်းခြုံထားပါ၏။

ShizunWhere stories live. Discover now