( ၁၂ )

3.8K 418 10
                                    

( Unicode )

နေရာကား နတ်ဆေးတောင်ကြားတွင်ဖြစ်သည်။

တောင်ကြားသခင်၏ အခန်းထဲ၌ ဝုန်းဒိုင်းကျဲနေသံများက ညချမ်း၏ တိတ်ဆိတ်မှုကို သက်ညှာခြင်းမရှိ ဖြိုခွင်းလိုက်သည်။ တောင်ကြားမှ နတ်ဆေးဆရာများကတော့ ကြုံရပေါင်းများနေပြီဖြစ်၍ ဝေးဝေးသာ ရှောင်ပြေးသွားကြ၏။

" ရော်... တောင်ကြားသခင်က ဘာလို့အဲ့လောက်တောင် အကျင့်မကောင်းရတာလဲ"

ရှောင်းဝေ့သည် ကပိုကရိုဖြစ်နေသော အဝတ်များကိုသပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြင်လိုက်သည်။ သုန်မှုန်နေသော တစ်ဖက်လူအား ရယ်သွမ်းသွေးချင်စိတ်များက ထိန်းမနိုင်သိမ်းမရ။

" မင်းကို အရက်မသောက်နဲ့လို့ပြောထားတယ်လေ"

မော့ယွင်၏ ဓားသွားသဏ္ဍာန်မျက်ခုံးနက်နက်များကတွန့်ချိုးနေ၏။

သည်ကလေးလိုလိုခွေးလိုလိုလေးကတော့!

" အရက်သောက်တိုင်း ငါ့အဝတ်တွေကို ဆွဲချွတ်လို့ရလား? "

ရှစ်နှစ်အတွင်း ရှောင်းဝေ့ခန္ဓာကိုယ်ထဲရှိ အဆိပ်မှာပျက်ပြယ်လုနီးပါး ဖြစ်နေလေပြီ။ အဆိပ်သည် သွေးထဲ၌ ပျော်ဝင်နေ၍ တောင်ကြားသခင်မော့ခမျာ ဖုန်တက်နေသော အဆိပ်နှင့် ဆေးကျမ်းများကို ဆွဲထုတ်ကာ မျက်ကွင်းညိုသည်အထိ လေ့လာခဲ့ရသည်။တောင်ကြားတစ်ခုလုံးသို့ ဆေးဆရာများအား ဖြန့်ကျက်လျက် ဖြေဆေးအတွက် ဆေးပင်များ ရှာဖွေစေခဲ့ရ၏။

ဒါကိုတောင် သည်ကလေးက ငါ့စကားနားမထောင်ဘူးတဲ့လေ

သူက ဟမ့် ခနဲနှာမှုတ်ကာ လေသာပြတင်းပေါက်နားသွားရပ်နေတော့သည်။

" ခွိ "

ရှောင်းဝေ့သည် တခွိခွိနှင့် ရယ်ရလွန်းအားကြီး၍
မျက်တောင်ရှည်ကြီးများတွင် မျက်ရည်စများခိုတွဲလို့ လာသည်။ သူက ခပ်ဖွဖွခြေလှမ်းများဖြင့် မော့ယွင်ဆီလျှောက်လှမ်းသွားကာ စိတ်ကောက်နေသော ကလေးကြီးအား အနောက်မှသိုင်းဖက်လိုက်၏။

ShizunWhere stories live. Discover now