( ၆ )

4.4K 496 1
                                    

( Unicode )

ရက်သတ္တပတ်အနည်းငယ်လောက် ရှောင်းကျန့်က သူ့အစ်ကိုနားတွင် အဖော်ပြုပေးခဲ့သည်။ နန်းမြို့တော်တခွင် အတူတကွလျှောက်လည်ခဲ့ပြီး အစားအသောက်ကောင်းများကိုလည်း မြည်းစမ်းခဲ့ကြ၏။ ညီအစ်ကိုနှစ်ဦး၏အကြိုက်မှာ ထပ်တူကျသဖြင့် ခက်ခက်ခဲခဲတော့ မရှိခဲ့ပါပေ။

သည်နေ့တွင်တော့ ရှောင်းဝေ့ဟာ အိမ်တော်ခြံဝန်းထဲ၌သာ လမ်းလျှောက်နေပါ၏။

"အဟွတ် အဟွတ်"

ချောင်းဆိုးသံသည် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပြီးနောက် နှလုံးထဲမှ နင့်နဲလှသောနာကျင်မှုသည် သူ့တစ်ကိုယ်လုံးသို့ပျံ့နှံ့လာသည်။

ရှောင်းဝေ့က တောင့်မခံနိုင်စွာ လည်ချောင်းထဲမှ ဆန်တက်လာသောသွေးများကို အန်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်မှာ အသွေးအသားများနှင့် ထပ်တူကျလုနီးနီး ပျံ့ပွားနေခဲ့ပါရင်း ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးက ဖောက်ထွင်းမြင်ရတော့မတတ် ဖျော့တော့နေသည်။

လေနှင့်အတူပါလာသည့် သေးမျှင်လှသော အပ်တစ်ချောင်း၏ဦးတည်ရာ ရှောင်းဝေ့ဆီသို့ဖြစ်၏။

စူးခနဲ ခံစားလိုက်ရအပြီးတွင် ရှောင်းဝေ့၏ နာကျင်မှုက အနည်းငယ် လျော့ပါးသွားသည့်နှယ် ခံစားရသည်။

" ကော! "

ရှောင်းသခင်ငယ်လေးသည် ပုံရိပ်ကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ အစ်ကိုဖြစ်သူဆီ ပြေးသွားသည်။ သူတစ်ဦးတည်းမဟုတ်ပဲ အိမ်ရှေ့စံနှင့် လူတစ်ယောက်ပါ ပါလာခြင်းဖြစ်၏။

"သွားကြည့်ပေးလိုက်ပါဦး...မောင်မင်းရဲ့ အပ်ကြောင့် ပိုဆိုးရွားသွားတာလားမသိဘူး"

"မှန်လှပါ ဘုရား"

ရှောင်းကျန့်က ထိုသူအတွက်နေရာ ဖယ်ပေးသည်။

"ရှောင်းသခင်လေးရဲ့ အဆိပ်ပျံ့နှံ့မှုက ကျွန်တော်မျိုးထင်ထားတာ ထက် ပိုဆိုးနေပါတယ်။ နတ်ဆေးတောင်ကြား ကိုခေါ်သွားပြီး လအနည်းငယ်လောက် ကုသပေးရ ပါလိမ့်မယ်"

လူရွယ်လေး၏ အမည်မှာ "မော့ရှစ်ရုန်" ဟုအမည်ရပြီး ကျော်ကြားသော နတ်ဆေးတောင်ကြားမှ လက်ထောက်ဆေးဆရာတစ်ဦးဖြစ်သည်။

ShizunWhere stories live. Discover now