( ၂၁ )

2.8K 370 6
                                    

( Unicode )

မဖိတ်ခေါ်ထားသည့် ဧည့်သည်နှင့်တွေ့ဆုံပြီးကတည်းက သူ့ညီငယ်၏စိတ်အခြေအနေမှာ သိပ်မကောင်းလှကြောင်း ရှောင်းဝေ့ သတိထားမိသည်။ထို့ကြောင့် ဟွေးအော်ဆီ အနည်းငယ် တီးခေါက်မိရာ အနှီဧည့်သည်ဆိုသူမှာ မိဖုရားငယ်တစ်ပါးဖြစ်နေမှန်း သိလိုက်ရပေသည်။ မည်သည့်အရေးကိစ္စမှန်း သူမသိသော်လည်း
ကောင်းတာမဟုတ်​တာတော့ သေချာသည်။ရှောင်းဝေ့သည်ကား အကြီးမပီသစွာ အိမ်တော်ကိုဦးစီးဦးဆောင်မှု မပြုနိုင်ခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိလေ၏။

" ဘာဖြစ်လို့လဲ နေမကောင်းဘူးလား ကိုယ့်ကိုပြောပြပါဦး "

ရှောင်းဝေ့မျက်နှာလေး ညှိုးနေသည်ကိုမြင်သော် မော့ယွင်က မေးမြန်းလာသည်။

" ဟင့်အင်း ဘာမှမဖြစ်ဘူး "

မော့ယွင်က မျက်ခုံးပင့်သည်။ "  ကိုယ်တော့ မယုံပေါင် "ဟူသည့် စကားလုံးများက မျက်နှာတွင် အထင်းသား ရေးထား၏။

" သကာရည်လောင်းထားတဲ့ ကြာပန်းမုန့်ကြွပ်တွေစားချင်လား..ကိုယ်ဝယ်ကျွေးမယ်လေ "

သူ့ကို နှစ်သိမ့်ပေးဖို့ရာ အားကြိုးမာန်တက်ကြိုးစားနေသည့် လူကြီးကို ကြည့်ရင်း ရှောင်းဝေ့က ဟက်ဟက်ပက်ပက် ရယ်၏။

သည်ယောကျာ်းက ချစ်စရာကောင်းလွန်းတယ်

" ကျွန်တော့်ဖာသာလည်း ဝယ်စားနိုင်ပါတယ်နော် "

" ကိုယ်သိပါတယ် "

မော့ယွင်က တစ်ဖက်လူ၏ ပါးအိအိလေးများကို ဆွဲညှစ်လာသည်။ နူးနူးညံ့ညံ့အသားစိုင်လေးတွေက သူ့လက်တွေထဲမှာအပြည့်။

" စားမှာလား မစားဘူးလား "

" ညနေကျမှ လျှောက်လည်ရင်းနဲ့စားမယ် ၊ ခင်ဗျား ဝယ်ကျွေး "

" ပြောတော့ ကိုယ့်ဟာကိုယ်လည်း ဝယ်စားနိုင်တယ်ဆို "

" တောင်ကြားသခင်တစ်ယောက်လုံးကို ချစ်သူတော်ထားပြီးတော့
ကျွန်တော်က ကိုယ့်အိတ်ထဲကကိုယ်ထုတ်စရာလား "

စကားတတ်လွန်းသည့် ကောင်လေးကြောင့် မော့ယွင်တစ်ယောက် ကုန်ခဲ့ရတဲ့ငွေစတွေမနည်းပေ။ သို့သော် သူစိတ်မရှိ။ သူပိုင်ဆိုင်သမျှစည်းစိမ်တွေအကုန် ဖြုန်းပစ်ရင်တောင် မော့ယွင်က ပြုံးပြုံးကြီး ထိုင်ကြည့်နေဦးမှာပင်။

ShizunWhere stories live. Discover now