Unicode
ညနေစောင်းအချိန်တွင် ကျောင်းမှ အိမ်သိူ့ အမြန်ပြေးလာသောအထက်တန်းကျောင်းသားလေး တစ်ယောက် အတိအကျဆိုလျှင် ဒုတိယနှစ်မှ ရှောင်ကျန့်ဆိုသူ ဖြစ်သည်။ရှောင်ကျန့်မှာ မိဘ၂ပါးလူံး ငယ်စဥ်ကတည်းက ဆူံးပါးသွားကြတာဖြစ်ပြီး မိမိကိုယ်ကိုအားကိူးကာ နေသောကောင်လေးဖြစ်သည်။
ရှောင်ကျန့်လည်း အိမ်ရောက်သည်နှင့် ပစ္စည်းများကိုချကာ မနက်ကဖတ်လက်စ Novelလေးကိုယူကာ ဆက်၍ ဖတ်လိုက်သည်။
Novel Nameမှာ True Beautyဖြစ်ပြီး Koreaမှ Chinese Versionသိူ့ပြောင်းထားခြင်းဖြစ်သည်။ဇာတ်ကြောင်းကတော့ ဇာတ်လိုက် ဝမ်ရိပေါ် နှင့် ဒုတိယဇာတ်လိုက် ရှောင်ကျန့်တို့နှစ်ယောက် ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရှရီချင့်ကို ပြိုင်လိုက်ကြခြင်းဖြစ်သည်။နောက်ပိုင်းတွင် ဇာတ်လိုက်ကသာ ဇာတ်လိုက်မင်းသမီးနှင့် ညားသော်လည်း ရှောင်ကျန့်မှာ ထို Novelကိုဘဲ ထပ်ခါထပ်ခါဖတ်ရလောက်အောင်ကြိုက်ပါသည်။
သေချာတာပေါ့ ဒုတိယဇာတ်လိုက်နာမည်နဲ့ သူရဲ့နာမည်နဲ့က တထပ်တည်းဘဲ။ရှောင်ကျန့်ကတော့ သူများတွေနဲ့မတူစွာ ဇာတ်လိုက်မင်းသမီးထက် မင်းသားဖြစ်သူ အချေကိုယ်တော် ဝမ်ရိပေါ် ရဲ့ ပရိတ်သတ်ပင်ဖြစ်သည်။ရှောင်ကျန့်တစ်ယောက် ဇာတ်လိုက် ဝမ်ရိပေါ် ကို ဘယ်နေရာ ကြည့်ကြိုက်လဲဆိုရင် ရုပ်ချောပြီး ချေတာကိုကြည့်ကြိုက်တာလို့ ပြောမိမှာအမှန်ပင်ဖြစ်သည်။
ရှောင်ကျန့် Novelကို သဲကြီးမဲကြီး ဖတ်နေတုန်း
"ဂွီ" ဗိုက်ထဲမှ သံစုံတီးဝိုင်းမည်လာ၍ ခေါက်ဆွဲ ပြုတ်စားရန် အပြင်သိူ့Novelစာအုပ်ကြီးကိုင်ကာ ထွက်လာလေသည်။မိုးရွာထားတာကြောင့် ကြမ်းပြင်မှာ ချောနေကာ ပက်လက်ပြုတ်ကျပြီး အမှောင်ထုထဲရောက်ရှိသွားလေသည်။Novelစာအုပ်လေးမှာလည်း ဘေးနားတွင် ပြုတ်ကျကာ ပျောက်သွားလေသည်။
************************************
အိပ်ခန်းတခုထဲတွင်
"အာ့ ကျွတ်စ် ကျွတ်စ်"
ရှောင်ကျန့်တစ်ယောက် ထထိုင်လိုက်ကာ ခေါင်းကိုတချက်ကိုင်ပြီး စဥ်းစားလိုက်တော့ သူNovelဖတ်နေရင်း ဗိုက်ဆာလာတာကြောင့် ခေါက်ဆွဲပြုတ် ဝယ်ရန် ဆင်းအလာ ရေတွေနဲ့ ချော်ချကာ ပြုတ်ကျပြီး ခေါင်းထိသွားတာဖြစ်သည်။
ВЫ ЧИТАЕТЕ
ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]
Любовные романыAuthor-Pai Lian Hua , NayYwon အထက်တန်းကျောင်းသားလေးဖြစ်တဲ့ ရှောင်ကျန့်တစ်ယောက် ဖတ်လတ်စ Novelထဲ ဝင်ရောက်သွားတဲ့အခါ...
![ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]](https://img.wattpad.com/cover/287875256-64-k854966.jpg)