(35)လက်စားချေခြင်း

4.7K 393 44
                                        

Unicode

အေးစက်ကာမှောင်မိုက်နေသော အခန်းတစ်ခုထဲတွင် သံကြိုးများဖြင့် ချည်ခံထားရသော ကောင်မလေးတစ်ယောက်။ထိုကောင်မလေးလေး၏ လှပခဲ့သည့်မျက်နှာပေါ်မှာရော ခန္ဓာကိုယ်ပေါ်မှာပါဒဏ်ရာဒဏ်ချက်တွေကမြင်မကောင်း။မေ့မြောနေပုံရတဲ့အခြေအနေအရ ဘယ်လောက်တောင်နှိပ်စက်ခံထားရသလဲ ဆိုသည်မှာသိသာလွန်းလှသည်။

ထိုစဥ် အေးစက်ခြောက်ခြားဖွယ်ကောင်းသော ထိုအခန်းထဲသို့ လျှောက်လာသော ခြေသံတစ်ခု။​အနှီခြေသံပိုင်ရှင်၏ ချောမောလွန်းလှသော မျက်နှာတွင်လည်းမဲ့ပြုံးတစ်ခုကို ​ပန်ဆင်ထားသည်။ခြေသံဟာမေ့မြောနေတဲ့ ကောင်မလေးအနား နီးကပ်လာပြီး ရုတ်ချည်းဆိုသလို ကောင်မလေးအပေါ်ကိုအေးစက်စက်ရေများ ကျရောက်လာသည်။

''ဗွမ်း''

''အဟွတ် အဟွတ်...ဘာလဲ ဘယ်သူလဲ ဘာကြီးလဲ ငါဘယ်ရောက်နေတာလဲ အ့ နာတယ်''

နိုးလာသူကောင်မလေးမှာ ကယောင်ကတန်းနဲ့ ထအော်ပြီး သူ့ကိုယ်ပေါ်ကိုရောက်နေတဲ့ ရေတွေကိုခါထုတ်ကာ ပတ်ပတ်လည်ကိုကြည့်မိသည်။

''ဘယ်သူလဲ ငါ့ကိုဘာလို့ဖမ်းထားတာလဲ!!!''

ထိုကောင်မလေးဟာ အမှောင်ထဲကနေ သူ့ကိုရပ်ကြည့်နေသည့် လူတစ်ယောက်ကိုကြည့်၍အော်လိုက်ခြင်းဖြစ်သည်။ထိုလူဟာ အမှောင်ထုထဲကနေ တဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရသည့် အနေအထားမှာတော့ ကောင်မလေးခမျာ သရဲတွေ့လိုက်ရသလိုကို လန့်သွားသည်။

''နင် နင် ရှောင်ကျန့်! နင်ဘာလို့ဒီလိုလုပ်တာလဲ နင်ဘာလိုချင်တာလဲ ဟမ် နင်ဘာအကြံအစည်နဲ့ဒီလိုလုပ်ရတာလဲ!? ငါ့ကိုလွှတ်ပေး ငါ့ကိုအခုချက်ချင်းလွှတ်ပေး နင်အသက်ရှင်ချင်သေးရင်ငါ့ကိုလွှတ်ပေးစမ်း!!''

''အိုး...ဖြေးဖြေးပေါ့ မလောပါနဲ့ ငါမင်းကိုလွှတ်ပေးမှာပါ ငါမင်းကိုနှိပ်စက်လို့စိတ်ကျေနပ်သွားတဲ့အချိန်ရောက်ရင်ပေါ့''

''နင်ဘာတွေလာပြောနေတာလဲ နင်ရူးနေတာလား ငါ ငါနင့်ကိုရဲတိုင်မယ် မိန်းကလေးတစ်ယောက်ကိုအနိုင်ကျင့်စော်ကားမှုနဲ့ငါနင့်ကိုထောင်ချပစ်မယ်!''

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Место, где живут истории. Откройте их для себя