(36)လက်ထပ်ပွဲ

4.7K 387 25
                                        

Unicode

ဝမ်ရိပေါ်သတိမေ့နေတာလည်း အချိန်အားဖြင့် ၃လတောင် ကြာညောင်းသွားခဲ့ပြီဖြစ်သည်။ရှောင်ကျန့်မှာလည်းနေ့တိုင်း တစ်ရက်တောင် မပျက်ကွက်ဘဲဝမ်ရိပေါ်ဆီသို့သွားကာ စကားပြောသည်။ချစ်ရသူဆီချစ်စကားတွေနေ့တိုင်း ပြောခွင့်ရတာကံ ကောင်းမှုတစ်ခုပါပဲ။သူကမသိနိုင်ဘူးဆိုပေမယ့်ပေါ့။

''ဝမ်ရိပေါ် မင်းအိပ်နေတာ အရမ်းကြာနေပြီနော် ကြည့်ပါဦး ဆံပင်တွေတောင်ရှည်နေပြီ ငါလေ မင်းကိုကတိပေးထားတဲ့အတိုင်းပဲ စိတ်ဓာတ်ကြံ့ခိုင်အောင်လည်းနေတယ် မင်းကိုဒီလိုဖြစ်အောင် လုပ်တဲ့သူကိုလည်း.....ဟက် ပြောမနေပါနဲ့တော့''

''ငါမင်းကိုချစ်တယ် ငါမင်းကိုအရမ်း အရမ်းချစ်တာမို့ အမြန်နိုးလာပါတော့နော်''

ဝမ်ရိပေါ်ရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ကာပြောနေခဲ့တဲ့ ရှောင်ကျန့်က အခြားလက်တစ်ဖက်ရဲ့အနည်းငယ်လှုပ်ရှားသွားမှုကိုတော့မ မြင်နိုင်ခဲ့ချေ။

''ရှောင်ကျန့် ရိပေါ် ဝမ်ရိပေါ်နိုးလာပြီတဲ့''

ပိုင်လျန်ဟွားရဲ့စကားကိုကြားကြားချင်းပဲ ရှောင်ကျန့်ဝမ်ရိပေါ်ရှိရာ ဆေးရုံကို အလျှင်အမြန်ပြေးသွားမိသည်။သူမစောင့်နိုင်တော့ဘူး။အသက်ရှူမြန်ကာချွေးတွေရွှဲနေခဲ့တဲ့ ရှောင်ကျန့်က တစ်စက်လေးတောင်မနားနိုင်ဘဲ ဝမ်ရိပေါ်ရှိရာအခန်းကိုပြေးသွားမိသည်။တွေ့ပါပြီ ပါးတို့မားတို့ရှေ့ကကုတင်ပေါ်မှာထိုင်နေခဲ့တဲ့ ချစ်ရသူကို။

''ရိပေါ်...''

အလွမ်းတွေကနေ မျက်ရည်တွေအဖြစ် ပြောင်းလဲသွားတဲ့အခါမှာ ငိုချင်းတွေနဲ့လွတ်ထွက်သွားမှာကိုကြောက်ရွံ့စွာဖြင့် တင်းတင်းကျပ်ကျပ်ဖက်တွယ်မိသည်။ဒါပေမယ့်ချစ်ရသူက ပြန်ဖက်မလာတဲ့အပြင် ရှောင်ကျန့်ကိုပခုံးကနေတွန်းဖယ်ကာ သူစိမ်းဆန်တဲ့မျက်ဝန်းတွေနဲ့ကြည့်သည်။ထို့နောက်

''မင်းဘယ်သူလဲ''

''ဟင် ရိပေါ်''

အော် ချစ်ရသူကဒဏ်ရာတွေပဲပေးနေမိတဲ့ ရှောင်ကျန့်နဲ့ထပ်မပတ်သတ်ချင်တော့လို့ သူ့ကိုမေ့ပစ်လိုက်ပြီထင်ပါရဲ့။နာကျင်ရပါတယ်။နေ့နေ့ညညစကားတွေပြောပြီး နှစ်နှစ်ကာကာချစ်ခဲ့တာက ဒီလိုအမေ့ပစ်ခံရဖို့မှမဟုတ်ဘဲ။ဒါပေမယ့်အရင်တုန်းကလိုတော့ ထောင့်နေရာလေးမှာ သွားပြီးကပ်တွယ်ကာ ငိုယိုနေမှာမဟုတ်တော့ပါဘူး။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Место, где живут истории. Откройте их для себя