(19)သရဲအိမ်ဝင်ခြင်း

5K 451 19
                                        

Unicode

ရှောင်ကျန့်တစ်ယောက် အပြင်ထွက်လည်ရမည်ဖြစ်တာကြောင့် မနက်စောစောထကာ အပီအပြင်ရွှိုင်းနေတော့သည်။ဒီနေ့သူ့ရဲ့crhကြီးနဲ့ ချိန်းထားတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ကောင်းနေရမယ်မှတ်လား။

တီ တီ

ကားလာပြီ အဟိ။
ရှောင်ကျန့်တစ်ယောက် အိမ်ရှေ့တွင် ကားသံကြားတာကြောင့် အမြန်ပြင်ကာ ထွက်လာလိုက်လေသည်။ကားထဲမှာတော့ မျက်နှာတည်နဲ့crhကြီးကအသင့်။ရှောင်ကျန့်ကဒီနေ့ အဝါရောင်hoodieလေးကို ဂျင်းဘောင်းဘီအနက်နဲ့ တွဲပြီးဝတ်ထားလေသည်။

မထင်မှတ်ဘဲ ဝမ်ရိပေါ်ကလည်း အဝါရောင်T-shirt ကိုမှ အဖြူရောင်စတိုင်ပန်နဲ့ တွဲဝတ်လာတာဆိုတော့ မသိရင်coupleနဲ့တောင် တူနေသလိုပဲ အဟိ။တွေ့လား ဖူးစာဆိုတာအဲ့တာ။

hostရဲ့အတွေးတွေကို ကြားနေတဲ့ boo booတစ်ယောက် ထင်ရာဆွဲတွေးလွန်းတဲ့ သူ့hostကို ပြောလည်းမနိုင်တာကြောင့် စိတ်ထဲကသာမေတ္တာပို့ပေးနေလေသည်။

တစ်ဖက်ကဝမ်ရိပေါ်ကလည်း မျက်နှာတည်ကြီးနဲ့ သူ့hostကို ငေးနေတာများ မျက်လုံးတောင်ကျွတ်ကျတော့မလား ထင်ရသည်အထိ။ကားထဲက 4ယောက်ကတော့ သူတိူ့သိသည်ဟူသော ပုံစံဖြင့်သာ ကြည့်နေကြလေသည်။

ဒီလင်လင်နှစ်ယောက်နဲ့တော့ boo booလေးစိတ်ညစ်။

''ရိပေါ်  ဒီနေ့ဘယ်သွားကြမလဲ''

''ဟမ် အဟမ်း မင်းရွေးလိုက် ငါကဘယ်ဖြစ်ဖြစ်အဆင်ပြေပါတယ်''

''ဒါဆိုငါတို့ကစားကွင်းသွားကြမလား''

ဝမ်ရိပေါ်အနေနဲ့ ရှောင်ကျန့်ရဲ့ဘလင်းဘလင်းထနေတဲ့မျက်လုံးကြီးကို ငြင်းနိုင်စွမ်းမရှိသလို တခြားဘယ်သူမှလည်းငြင်းနိုင်မယ်မထင်ဘူး။

''အင်း သွားကြတာပေါ့''

ကျန်သူ4ယောက် -အကိုတို့ ငါတိူ့ရောမြင်လား

[host တခြားနေရာတွေအများကြီးရှိတာကို ဘာလို့ကစားကွင်းကြီးရွေးရတာလဲ မroလိုက်တာ]

[ဟ ဒီမှာ ကစားကွင်းကအroဆုံးနေရာဆိုတာမင်းမသိဘူးလား ကမ္ဘာပေါ်မှာရှိတဲ့အတွဲတွေအကုန်လုံးကိုသွားမေးကြည့်လိုက် ကစားကွင်းနဲ့ပန်းခြံဆိုဘယ်ကိုသွားမလဲလို့]

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Место, где живут истории. Откройте их для себя