Extra

6.2K 436 20
                                        

Unicode

ဒီနေ့ကရှောင်ကျန့်ရဲ့ ဝမ်ရိပေါ်တို့ရဲ့ လက်ထပ်ပြီး၃နှစ်ပြည့်နေ့လေး။ဒီကြားထဲမှာ ဝမ်ရိပေါ်ကလည်းရှောင်ကျန့်ကို အရင်ကထက် ပိုဂရုစိုက်ပေးသလို သူတို့နှစ်ဦးကြားက အချစ်တွေ သံယောစဥ်တွေကလည်း တိုးသထက်တိုးလာသည်။

အချစ်ဦးမို့ရူးအောင် ချစ်ရသည်ဆိုတဲ့အတိုင်းနှစ်ယောက်လုံးကလည်း သည်းသည်းလှုပ် ချစ်ကြပါသည်။ကိုယ့်အချစ်ဦးနဲ့ ညားတဲ့သူတို့နှစ်ယောက်ကတော့ ကံကောင်းတာပေါ့။ဒီနှစ်တွေအတွင်းမှာရန်ဖြစ်ဖို့မပြောနဲ့ တစ်ယောက်နဲ့တစ်ယောက် ပူးကပ်လို့တီတီတာတာ စကားတွေတောင်​ပြောလို့မဝသေးတာ။

ဒီနှစ်မှမပြောနဲ့ နောက်နှစ်တွေအများကြီးကြာပြီး နှစ်ယောက်လုံးအိုမင်းသွားတဲ့ အချိန်ရောက်ရင်တောင် နှစ်ယောက်လုံးရဲ့ အချစ်တွေကတော့ အမြဲသစ်လွင်နေပြီးတောက်ပနေဦးမှာပါ။ဒါကိုရှောင်ကျန့်ရော ရိပေါ်ရော အကုန်လုံးရော ယုံကြည်ကြပါတယ်။

ဒီနေ့အတွက်ကတော့သူတို့နှစ်ယောက်ရဲ့ 3years anniversary နေ့လေးကိုအိမ်ထဲမှာပဲနွေးနွေးထွေးထွေး ဖြတ်သန်းသွားကြဖို့ ဆန္ဒရှိကြသည်။ဆိုဖာပေါ်မှာထိုင်နေတဲ့ ဝမ်ရိပေါ်ရဲ့ပေါင်ပေါ်မှာ ရှောင်ကျန့်က ခေါင်းတင်ထားပြီးမျက်နှာပုံစံကိုအမျိုးမျိုးလုပ်ကာ ဝမ်ရိပေါ်အသည်းမယားယားအောင်စကားပြောနေသည်။

နဂို တည်းကခပ်ကဲကဲ ဝမ်ရိပေါ်တို့ကလည်း စကားတစ်ခါပြောတိုင်း ရှောင်ကျန့်ရဲ့မျက်နှာအနှံ့ကိုတစ်ခါအနမ်းလေးပေးလိုက်နှင့် သာယာကြည်နူးဖွယ်ဖြတ်သန်းနေကြသည်။အိမ်တစ်ခုလုံးလည်းပန်းနုရောင်သန်းနေပြီး လေထုထဲမှာတောင် အချစ်အနံ့တွေရနေသလိုပဲ။

ထို့နောက်ဝမ်ရိပေါ်က ရှောင်ကျန့်အား ဒီနေ့အတွက်စပရိုက်တစ်ခုရှိတယ်ဟုဆိုကာ တစ်နေရာအားခေါ်သွားလေသည်။ရှောင်ကျန့်ကြည့်မိတော့ မိဘမဲ့ဂေဟာတစ်ခု။ဝမ်ရိပေါ်ကို နားမလည်နိုင်စွာကြည့်မိတော့သူကအပြုံးလေးနဲ့သာ အဖြေပြန်ပေးလာသည်။

''သည်းငယ် တစ်ယောက်လောက် မလိုချင်ဘူးလား?''

အခုမှရှောင်ကျန့်ရဲ့ မျက်နှာထက်မှာ မျက်ရည်စတို့ဝဲသွားခဲ့ပြီးဝမ်ရိပေါ်ကို ဝမ်းသာစွာ ပြန်ကြည့်ရင်း ဖက်လိုက်မိသည်။ထို့နောက်ထိုဂေဟာထဲသို့ ဝမ်ရိပေါ်လက်ကိုဆွဲကာ ပျော်ရွှင်စွာဝင်သွားကြသည်။ဝမ်ရိပေါ်ကတော့ ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့ သူ့ရဲ့အသက်ကလေးရဲ့အပြုံးတွေကိုမြင်ရတိုင်းကျေနပ်နေတာပါပဲ။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Место, где живут истории. Откройте их для себя