Unicode
ရှောင်ကျန့်တစ်ယောက် အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် လမ်းလျှောက်နေလေသည်။သူဒီထဲကို ဘလိုရောက်လာတာပါလိမ့်။သူမှတ်မိတာဟာ သူရိပေါ် ရင်ခွင်ထဲ တိုးပြီး အိပ်စက်နေတာဖြစ်သည်။ရှောင်ကျန့် ရှေ့နားတွင် ကောင်ငယ်လေးတစ်ယောက်ကို တွေ့တာကြောင့် ထိုဆီသိူ့ပြေးသွားလိုက်လေသည်။
"Welcome back pr Host"
"မင်း မင်းက Boo booလား"
"ဟုတ်ပါတယ် Host"
"ဒါနဲ့ ငါဘလိုလုပ်ဒီကိုရောက်လာတာလ"
"Host Missionကို ပြီးမြောက်သွားပြီဖြစ်တဲ့အတွက် မူလ ကမ္ဘာကို ပြန်ရတော့မှာပါ Hostပြင်ခဲ့တဲ့ ဇာတ်ကြောင်းဟာ စာအုပ်ထဲမှာပါ ပြောင်းလဲသွားမှာပါ"
"ဒါဆို ရိပေါ်ကရော"
"ကျွန်တော်မသိပါဘူး Host ဒါပေမဲ့ Hostပြန်သွားရင် အဲ့မှာSupriseကြီး တခုရှိပါတယ်"
ရှောင်ကျန့်တစ်ယောက် Boo booစကားကြောင့် ဝမ်းနည်းလာလေသည်။ဘလိုဘဲ ရိပေါ်က Novelထဲက ဇာတ်ကောင်ဖြစ်ဖြစ် သူကတော့ ရိပေါ် ကို တကယ်ချစ်တာဖြစ်သည်။သူ့မှာမိဘတွေဟာလည်း မရှိတော့တာကြောင့် အရမ်းဂရုစိုက်ပေးတဲ့ ဝမ်ရိပေါ်ကိူတော့ အလွန်တွယ်တာလေသည်။
ထို့ပြင် သူ့ရဲ့ မူလ ကမ္ဘာတွင် ရိပေါ် ရှိမရှိမသေချာပေ။သိူ့သော် မျှော်လင့်ချက်နည်းနည်းလေးဘဲ ရှိရင်တောင် သူမျှော်လင့်ချင်ပါသည်။သူ့တဘဝလုံး အတွက် ရိပေါ် ကိုတော့ အပိုင်လိုချင်ပါသည်။
'ဝမ်ရိပေါ် ဆိုတာ ငါ့အပိုင်'ဆိုပြီး အားလူံးရှေ့မှာ ကြွေးကြော်ချင်သေးသည်။
"Hostပြန်ဖို့ အချိန်တန်ပြီ "
"အင်းပါ"
ရှောင်ကျန့်လည်း သူနဲ့အတူရှိနေပေးခဲ့တဲ့ Boo booကိုဖက်လိုက်လေသည်။သူတိူ့က အားတိုင်းသာ သတ်နေကြပေမဲ့ တကယ်တော့ ခိုင်မာနေတဲ့ သံယောဇဥ်ကြိုးက ဖျက်ပစ်လို့တောင်မရပေ။
"ငါမင်းကို သတိရနေတော့မှာဘဲ"
"တူတူပါဘဲ ကျွန်တော်လည်းHostကို သတိရနေမှာပါ"
ထို့နောက် ရှောင်ကျန့်ရှေ့တွင် အလင်းတန်းတခု ပေါ် လာပြီး သူလည်း ထိုထဲသိူ့ လျှောက်သွားကာ မျက်လုံးမှိတ်လိုက်လေသည်။ထိုအချိန် နားထဲ၌ Boo booရဲ့အော်ပြောသံကိုကြားလိုက်ရသည်။
ВЫ ЧИТАЕТЕ
ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]
Любовные романыAuthor-Pai Lian Hua , NayYwon အထက်တန်းကျောင်းသားလေးဖြစ်တဲ့ ရှောင်ကျန့်တစ်ယောက် ဖတ်လတ်စ Novelထဲ ဝင်ရောက်သွားတဲ့အခါ...
![ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]](https://img.wattpad.com/cover/287875256-64-k854966.jpg)