(3)Hostက ကိုယ့်ဘက်ကိုယ်ယက်တဲ့ လိပ်ကြီး

6.6K 660 9
                                    

Unicode

ရှောင်ကျန့်တစ်ယောက် အတန်းထဲတွင် တည်တည်ငြိမ်ငြိမ်ထိုင်နေသလောက် အတန်းထဲကသူတွေကတော့ မျက်လူံးပြူးကာ သူ့ကိုကြည့်နေကြလေသည်။ရှောင်ကျန့်လည်း သူ့ကိုကြည့်နေတဲ့သူတွေကြောင့် တချက်ပြုံးပြလိုက်လေသည်။ထိုအချိန် တန်းလူံးမှ မိန်းကလေးများထံမှ အော်သံများထွက်လာလေသည်။

အချို့သူများမှာလည်း မယူံနိုင်ခြင်းများစွာနဲ့ ကြည့်နေကြသည်။ရှောင်ကျန့်ဆိုတာ ကျောင်းရဲ့ Princeထဲက တစ်ယောက်လေ Bad boy styleနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလူံးကို ယူထားတဲ့ကောင်လေးလေ။ခုတော့ အရင်ကနဲ့လုံးဝမတူဘဲ ယူန်ပေါက်လေးလို ချစ်စရာကောင်းနေပြန်ရော အဖြောင့်တွေတောင် ကွေးသွားချင်တယ်။

ကျောင်းPageတွင်တော့ ရှောင်ကျန့်Styleပြောင်းသွားပုံဟာ နောက်တကြိမ် ခေတ်စားသွားလေသည်။ထိုအချိန် အချေကိုယ်တော်ဖြစ်တဲ့ ရိပေါ် တစ်ယောက် ခပ်တည်တည်နဲ့ အခန်းထဲသိူ့ ဝင်လာကာ သူ့နေရာသူထိုင်လိုက်လေသည်။

ရှောင်ကျန့်ကိုမြင်တော့ တချက်အံ့သြသွားပုံ ရှိပေမဲ့လည်း မျက်နှာကိုနဂိုအတိုင်း ပြန်တည်လိုက်လေသည်။ထိူ့နောက် သူ့ဘာသာ စာအုပ်တအုပ် ထုတ်ဖတ်နေလေသည်။ရှောင်ကျန့်ကတော့ စိတ်ထဲတွင် "ဟွန့်" လုပ်ကာ

*တအားချေတာဘဲ ဘာဖြစ်လည်း ငါကချေတာကိုကြိုက်တာမလား ဟူးး*

"အကိုကြီး!!! "

"အမလေး ဗုဒ္ဓေါ "ရှောင်ကျန့်တစ်ယောက် အတွေးများနေတူန်း ကြားလိုက်ရတဲ့ အသံကြောင့် တုန်တက်သွားလေသည်။

"အကိုကြီး ကျွန်တော်တို့က မနေ့ကအကိုကြီးမလာတော့ တခုခုဖြစ်နေတယ်ထင်နေတာ"

"ဟုတ်တယ် အကိုကြီး နေမကောင်းလို့လား"

"အကိုကြီး ပုံစံပြောင်းထားတာလား အကိုကြီးပုံကအရမ်းကို နူးညံ့နေသလား"

"ငါတိူ့အကိုကြီး က ဘလိုနေနေအရမ်းမိုက်တယ်"

All-"ဟုတ်တယ် ဟုတ်တယ်"

ရှောင်ကျန့်သိလိုက်ပါပြီ။ဒါကတော့ မူလရှောင်ကျန့်ရဲ့ နဂိုအပေါင်းအပါတွေဖြစ်တဲ့ လူဆိုးအဖွဲ့ပါဘဲ။လူဆိုးအဖွဲ့သာပြောပါတယ် တကယ်တော့ ခန္ဓာကိုယ်အားကိုးရယ် လူအားကိုးရယ် မူလရှောင်ကျန့် အားကိုးရယ် ပေါင်းပြီး ဆိုးနေကြတဲ့အဖွဲ့ပါ။သူတိူ့အဖွဲ့မှာ စုစုပေါင်း ရှောင်ကျန့်အပါအဝင် ၅ယောက်ရှိတယ်။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Hikayelerin yaşadığı yer. Şimdi keşfedin