(27)Uni ပထမဆူံးရက်

3.7K 359 24
                                        

Unicode

ရိပေါ်လည်း ရှောင်ကျန့်ကိုအဝနမ်းပြီး အိပ်ချင်မူးတူးနဲ့ ဆံပင်စုတ်ဖွား ဖြစ်နေတဲ့ ကိုယ်လေးကိုမချီလိုက်ကာ ခါးကို ခွထားစေသည်။ထို့နောက် ရေချိုးခန်းထဲသိူ့ ထိုအတိုင်းချီ ခေါ် ကာမျက်နှာသစ်ပေးရန်လုပ်လေသည်။

ဘေစင်မှ ရေကိုလက်ဖြင့်ယူပြီး ရှောင်ကျန့်ရဲ့ မျက်နှာနုနုလေးကာ ပွတ်ပေးကာ သွားကိုလည်း သေချာတိုက်ပေးလိုက်လေသည်။ထိူ့နောက် တပတ်ဖြင့် မျက်နှာကို ဖွဖွလေးသုတ်ပေးလိုက်သည်။မတော်လို့ သူ့ကလေးလေး အသား ပွန်းပဲ့သွားမှ သူရင်ကျိုးနေရဦးမယ်။

ထိူ့နောက် အကျီလဲရန် ညအိပ်ဝတ်စုံကို ချွတ်ပေးလိုက်တော့ ဖြူအုနေတဲ့ အသားအရည်လေးနဲ့ ပန်းနုရောင်သန်းနေတဲ့ ချယ်ရီသီးလေး ပေါ် ထွက်လာလေသည်။ ရိပေါ်တစ်ယောက် ရေငတ်နေသည့်သူ့စိတ်ကို ထိန်းလိုက်ကာ ဘီရိုထဲမှအဝတ်အစားကို ထုတ်ပေးပြီး ဝတ်ပေးလိုက်လေသည်။

(ဝမ်ရိပေါ်နင်ရေငတ်တာက Happinessထဲကလို Virusကူးတာ: 3)

အဝတ်ဝတ်ပြီးချ်န်တွင်တော့ ရှောင်ကျန့်တစ်ယောက် မျက်လူံးများ သေချာပွင့်သွားလေသည်။ထိူ့နောက် နှစ်ယောက်သား အောက်သိူ့ဆင်းကာ Breakfastစားကြလေသည်။ထမင်းစားပွဲတွင် တယောက်နဲ့ တယောက်ခွံ့နေတဲ့ ကဲကဲသဲသဲအတွဲကတော့ ရှောင်ကျန့်အမေကာ စိတ်ညစ်သလို ခေါင်းရမ်းကာ လွှတ်ထားလိူက် လေသည်။

ရိပေါ် နဲ့​ ရှောင်ကျန့်ကတော့ နှစ်ယောက်တစ် ကမ္ဘာတည်နေကြကာ ဘာဖြစ်မှန်းကိုမသိကြချေ။တဖက်က ရိပေါ်ရဲ့မိဘတွေဟာလည်း အရင်ကနဲ့မတူတဲ့ သူ့သားကြောင့် အံ့သြရသလို တက်တက်ကြွကြွဖြစ်လာတဲ့အတွက် ဝမ်းသာကြလေသည်။

ထို့နောက် နှစ်ယောက်သား တက်ရမည့် Uniသိူ့ အတူတူထွက်ခဲ့ကြလေသည်။ ရိပေါ် တစ်ယောက် ကားပေါ်ရောက်ချိန်တွင် ဘေးနားရှိ ရှောင်ကျန့်ကို ခါးပတ်ပတ်ပေးကာ ပါးလေးကားတချက်နမ်းလိုက်လေသည်။

ထို့နောက် ကားစထွက်ချိန်တွင်တော့ တယောက်လက်တယောက် ဆုပ်ကိုင်ထားကာ သီချင်းငြီးနေလေသည်။

(Rsတွေ တအားပိုတာဘဲ ဝေါ့)

ကျောင်းရောက်ချိန်တွင်တော့ တွေ့ပါပြီ သူတိူ့ အဖွဲ့ကို။ ကျောင်းရှေ့တည့်တည့်တွင် မတ်တပ်ရပ်ကာ စောင့်နေကြလေသည်။ဆူပုတ်နေကြတဲ့ မျက်နှာကြောင့် သူတိူ့လာတာ နောက်ကျလို့ဆိုတာသိလိုက်လေသည်။ ထို့​ပြင်ချင်းစီဟွာမှ ပွားတော့မည်ဆိုတာသိတာကြောင့် ခံရမဲ့ နားလေးအတွက် ကြိုတင်အမျှပေးလိူက်လေသည်။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Donde viven las historias. Descúbrelo ahora