(37)မဂ်လာဦးည🚨🚨🚨

6.2K 361 4
                                        

Unicode

ဝမ်ရိပေါ်သူ့ရဲ့ယုန်လေးကို စားရဖို့ မစောင့်နိုင်တော့ဘူး။ထို့ကြောင့် အရစ်ရှည်နေတဲ့ ဟိုသကောင့်သားတွေကို စကားဖြတ်ပြီး အမြန်နှုတ်ဆက်ကာ သူ့ရဲ့အသစ်စက်စက် ဇနီးလေးရှိနေတဲ့ မင်္ဂလာဦးအခန်းဝင်ဖို့ရာ ထွက်လာခဲ့သည်။ဝမ်ရိပေါ်လည်းစိတ်လှုပ်ရှားလွန်းလို့ လက်တွေတောင် တုန်နေခဲ့သည်။

အခန်းထဲရောက်တော့ ကုတင်ထက်မှာ ဇာပဝါလေးခြုံထားကာ ကျုံ့ကျုံ့လေးထိုင်နေတဲ့ ရှောင်ကျန့်။အနားကို ဖြည်းဖြည်းချင်းလျှောက်သွားကာ ဇာပဝါလေးကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ရှက်သွေးဖြာနေတဲ့မျက်နှာလေးက ဝမ်ရိပေါ်ရဲ့နှလုံးသွေးကြောတွေအားလုံးကို ရပ်တန့်သွားစေနိုင်တယ်။

လှတယ်။အရမ်းလှတယ်။တစ်နေရာကမှ မိန်းကလေးနဲ့တူမနေပါပဲနဲ့ သူ့ရဲ့စိတ်အစုံကို သတိမကပ်စေနိုင်လောက်အောင်ကို လှရက်လွန်းတဲ့ရှောင်ကျန့်ကို တကယ်ပဲသူပိုင်ဆိုင်ရတော့မယ်။

နီရဲနေတဲ့ အခန်းအပြင်အဆင်တွေနဲ့ သူ့ရှေ့ကနီရဲနေတဲ့ရှောင်ကျန့်ကြောင့် ဝမ်ရိပေါ်ရဲ့စိတ်အခြေအနေကလည်း သာမိုမီတာတစ်ခုသာဆို ပေါက်ထွက်သွားနိုင်လောက်တဲ့အထိနီရဲကာ ဆန္ဒအစုံတို့က ပြင်းပြနေခဲ့ပြီဖြစ်သည်။သို့သော်လည်း ပထမဆုံးမင်္ဂလာဦးညမှာသူ့ယုန်လေးကိုလည်း မလန့်စေချင်တာကြောင့် တစ်ဆင့် ချင်းဆီသွားကာ ညင်ညင်သာသာလုပ်ဖို့ပဲဆုံးဖြတ်လိုက်သည်။

''ကျန့် ကိုယ့်ကိုစောင့်နေရတာ ကြာသွားပြီလား''

''အွန်း မင်းကကြာလွန်းတယ်...''

''ဘယ်လိုလုပ်ရမလဲ ကိုယ့်ကကိုယ့်ရဲ့ဇနီးလေးကိုတွေ့ချင်လွန်းလို့ မြန်နိုင်သမျှ အမြန်ဆုံးလာခဲ့တာပဲကို''

''မင်းစကားတွေ တတ်လွန်းတယ်''

ရှောင်ကျန့်က ပြောပြောဆိုဆိုနဲ့ဝမ်ရိပေါ်ရဲ့ နှာခေါင်းလုံးလုံးလေးကို ဆွဲညှစ်လိုက်ပေမယ့် ညှစ်လိုက်တဲ့ရှောင်ကျန့်ရဲ့ လက်ကိုလည်း ဝမ်ရိပေါ်ကပြန်ညှစ်ကာကိုင်လိုက်သည်။

''ကိုယ့်ရဲ့နှာခေါင်းကိုညှစ်ရဲတဲ့အထိ အရမ်းဆိုးနေတယ်ပေါ့ ဟုတ်လား ကျန့်ကိုအပြစ်ပေးရတော့မယ်''

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Место, где живут истории. Откройте их для себя