Unicode
ရှောင်ကျန့်တစ်ယောက် ဖနောင့်နဲ့ တသားတည်းပြေးပြီး ကျောင်းဂိတ်ပြန်ရောက်ချိန်တွင် ကျောင်းသား/သူတွေဟာ အခုမှ ကျောင်းထဲကစကားပြောရင်းထွက်လာကြတာဖြစ်သည်။အချို့မှာလည်း အိမ်ပြန်နေကြပြီဖြစ်သည်။
(A/N-ရှောင်ကျန့် ခေါင်းလောင်းထိုးတာနဲ့ တန်းပြေးပေမဲ့ ကျောင်းကသူတွေက စကားပြောရင်းသိမ်းနေကြတာမို့ ထိပ်တိုက်ဖြစ်တာပါ)
နောက်မှလည်း အခြားအဖွဲ့ကလူတွေဟာ ပြေးလိုက်လာတာကြောင့် ရှောင်ကျန့်တစ်ယောက် အမိမခံရအောင် ရှိသမျှ ဉာဏ်နီဉာဏ်နက်အကုန်စဥ်းစားနေလေသည်။ထိုအချိန် အနီးအနားရှိ ကားလော့က မချထားတာမို့ ထိုကားထဲ ဝင်ပုန်းလိုက်လေသည်။
ထို့နောက် ကားမှန်ထဲကနေ အပြင်ဘက်အခြေအနေကို လှမ်းကြည့်နေလိုက်သည်။နောက်ကလိုက်လာတဲ့သူတွေကလည်း ရုတ်တရက် ပျောက်သွားတာကြောင့် အပြင်ဘက်တွင် လိုက်ရှာနေကြလေသည်။အတန်ကြာမှ မတွေ့တာကြောင့် တောက်ခေါက်ကာ ပြန်ထွက်သွားကြသည်။ရှောင်ကျန့် သူလွတ်ပြီဟုတွေးကာ သက်ပြင်းချနေတုန်း
[H~Hostရေ...]
[Boo Booဘာဖြစ်တာလဲ အသံတွေတောင်တူန်နေတယ်]
[Host Host...နောက် နောက်ကို လှည့်ကြည့်လိုက်ဦး]
[နောက်မှာဘာရှိလို့ လို့...]
"ဂလု"
အခြားတော့ မဟုတ် ရှောင်ကျန့်တစ်ယောက် Boo booအပြောကြောင့် နောက်လှည့်ကြည့်ချိန်တွင် ရေခဲရိုက်မျက်နှာထားနဲ့ ဝမ်ရိပေါ် ကို တွေ့လိုက်ရတာကြောင့်ဖြစ်သည်။
[Boo booဒီကားက ဝမ်ရိပေါ် ကားလို့ ငါ့ကိုမပြောနဲ့]
[Hostအဲ့ဒါ ဇာတ်လိုက် ဝမ်ရိပေါ် ကားမှ ကားအစစ်ပါသေချာတယ် ရေလူံးဝမရောဘူး]
[ငါမသေသေးဘူးမလား]
[Host စိတ်မပူနဲ့ သေရင် ကျွန်တော် ကုသိုလ်လုပ်ပေးပါ့မယ်]
[ဒီဖေ]
ရှောင်ကျန့် နဲ့ Boo booကြောက်သွားတာအခြားကြောင့်မဟုတ်။ဇာတ်လိုက် ဝမ်ရိပေါ် ဟာ သူ့ပစ္စည်းထိတာလည်း မကြိုက်ပေ။Novelတွင် သူ့ကားဆိုရင် ဇာတ်လိုက်မတစ်ယောက်တည်းသာ စီးခွင့်ရတယ်ပြောထားတာဖြစ်သည်။ရှောင်ကျန့် သူ့ကိုယ်သူမသေသေးတာကြောင့် ကံကောင်းတယ်လို့တွေးနေတုန်း ဝမ်ရိပေါ် မှသူ့အား ရှင်းပြဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြလေသည်။
YOU ARE READING
ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]
RomanceAuthor-Pai Lian Hua , NayYwon အထက်တန်းကျောင်းသားလေးဖြစ်တဲ့ ရှောင်ကျန့်တစ်ယောက် ဖတ်လတ်စ Novelထဲ ဝင်ရောက်သွားတဲ့အခါ...
![ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]](https://img.wattpad.com/cover/287875256-64-k854966.jpg)