(29)ယုံကြည်မှုအမှား

4.1K 366 33
                                        

Unicode

''ဟဲ့ ဟဲ့ ဟိုမှာကျောင်းရဲ့ King နဲ့ Queen မှတ်လား''

''အေးဟ နှစ်ယောက်ကတူတူတွဲပြီး လမ်းလျှောက်လာကြတာ လိုက်ဖက်လိုက်တာနော်''

''ဘာလို့လိုက်ဖက်ရမှာလဲ သေချာကြည့်ရင် Queen ကပဲလိုက်ကပ်နေတာ အသိသာကြီးကို''

ထိုမိန်းကလေးအုပ်စုပြောနေတာကို ကြားတဲ့ရှောင်ကျန့်တို့အဖွဲ့လည်း သူတို့ကြည့်နေတဲ့နေရာကို လိုက်ကြည့်မိသည်။မျက်နှာတည်ကြီးနဲ့လျှောက်လာတဲ့ဝမ်ရိပေါ်နဲ့ ဘေးကနေမနားတမ်းပြုံးရယ်ကာစကားပြောနေတဲ့ ယင်းလျန်။ဘယ်လိုပဲကြည့်ကြည့် လေထုကကို့ရို့ကားယားနဲ့ကို လိုက်ဖက်တယ်လို့ဘယ်ကိုကြည့်ပြီးများ ပြောလိုက်တာလဲ။

ထိုစကားနဲ့ထိုအခြေအနေကို မြင်ပြီးကြားပြီးတဲ့ ပိုင်လျန်ဟွားတို့ကတော့ ရှောင်ကျန့်ရဲ့အခြေအနေကိုသာမသိမသာ အကဲခတ်နေကြသည်။ဒါပေမယ့်ထူးထူးခြားခြား ဘာမှမတွေ့တာမို့ စိတ်ချသွားသလိုတော့ဖြစ်သွားကြသည်။

ရှောင်ကျန့်ကလ​ည်း ဒီလိုအတင်းအဖျင်းတွေလောက်နဲ့ လိုက်ပြီးခံစားနေမဲ့သူမျိုးမဟုတ်ပါဘူး။သူကကိုယ့်မျက်စိနဲ့ ကိုယ်ကိုယ်တိုင်တွေ့မြင်ရမှ ယုံတတ်တဲ့လူစား။ပြီးတော့ ရိပေါ်ကိုသူယုံတယ်။ယင်းလျန်ရဲ့အကြောင်းကိုလည်း သူတို့သိနေတာပဲ။အဲ့ဒါကြောင့်ဘာမဟုတ်တာလေးနဲ့ ရိပေါ်ကိုလိုက်ပြီးပြောပြနေစရာမလိုဘူးလို့ ရှောင်ကျန့်ကထင်တယ်။

ရိပေါ်ကရှောင်ကျန့်တို့ကိုတွေ့သွားတော့ ရှောင်ကျန့်ကိုအပြုံးလေးနဲ့နှုတ်ဆက်တယ်။ဒီလိုနူးညံ့ပြီးနှစ်လိုဖွယ်ကောင်းတဲ့ အပြုံးကသူ့တစ်ယောက်တည်းပေါ်မှာပဲဖြစ်တည်တယ်ဆိုတာနဲ့တင် ရှောင်ကျန့်ကကျေနပ်ပါသည်။ဒါပေမယ့် မျက်စိရှုပ်စရာကောင်းတဲ့ယင်းလျန်ကတော့ မျက်နှာပြောင်တိုက်စွာပဲ ရှောင်ကျန့်ရှေ့မှာရိပေါ်နဲ့တူတူလာရ​ပ်သည်။

''ရှောင်ကျန့်ပါလား ရိပေါ်ကတို့နဲ့ပဲအတူရှိနေလို့စိတ်မဆိုးနဲ့နော် တို့မသိတဲ့စာလေးတွေသူ့ကိုရှင်းပြခိုင်း​နေလို့ပါ စိတ်မရှိဘူးထင်ပါတယ်''

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Onde histórias criam vida. Descubra agora