(32)အထင်လွဲမှားခြင်း

4.5K 386 34
                                        

Unicode

ရိပေါ် တစ်ယောက် စာသင်ခန်းထဲတွင် ပြတင်းပေါက် အပြင်ကိုငေးကြည့်ကာ တွေးမိနေလေသည်။ဒီနေ့ဆိုလျှင် သူ့ရဲ့ ကျန့်နဲ့ လမ်းခွဲခဲ့တာ ၁ပတ်တောင်ရှိသွားပြီ။သူကျောခိုင်းသွားတဲ့နေ့ကတည်းက ကျန့်ကို ခုထိမတွေ့ရသေးပါ။ကျောင်းကိုလည်း မတက်ဘူးဟုသာ ဖုန်းစီချန်ဆီက သိရသည်။

သူ့Ph Numကိုသာ Blockရုံမက Social Mediaအကုန်မှာ ရှောင်ကျန့်မရှိတော့ချေ။ချင်းစီဟွာနဲ့ လျန်ဟွားကလည်း သူ့ရှေ့ကို ပေါ်မလာတော့ဘဲ ရှောင်နေလေသည်။ရှောင်ကျန့်ဆိုတာ လုံးဝမရှိတော့သလိုကို သူ့ဘဝထဲက ထွက်သွားခဲ့လေပြီ။

ယင်းလျန်မှာလည်း နဂိုကထက်ပိုကပ်လာတာကြောင့် စိတ်အနှောက်အယှက်ဖြစ်ကလေသည်။ထို့ပြင်မာနကို ရှေ့တန်းထားမိလို့ သူ့ရဲ့ ကျန့်ကို စိတ်ထဲကမပါဘဲ ကြမ်း"တမ်း"တွေ ပြောဆိုမိခဲ့တယ်။သူထွက်လာတဲ့ စကားကြောင့် ကလေးတစ်ယောက်လို ရှိုက်ကာငိုနေတဲ့ ကျန့်ကို တကယ်ဘဲ ထွေးပွေ့ချင်ပါတယ်။

သူတကယ်ဘဲ ရှောင်ကျန့်ကို မြတ်မြတ်နိုးနိုးချစ်ပါတယ်။ဒါပေမဲ့ သူ့ကိုမယုံဘဲ Onlineကဟာတွေကြောင့် လမ်းခွဲမယ်ပြောတဲ့အခါ သူ့စိတ်ကိုမနိုင်တော့ပေ။

*အခုချိန်ဆို ကျန့်ဘာများလုပ်နေမလဲ အရမ်းများငိုနေမလား*

ရှောင်ကျန့်ကို သူအရမ်း စိတ်ပူပါသည်။ဖြစ်နိုင်မယ်ဆိုရင် ထိုနေ့ကိုပြန်သွားပြီး ကြမ်းကြမ်းတမ်းတမ်း ပြောမိတဲ့ ပါးစပ်ကို ပြန်ချပစ်လိုက်ချင်သည်။ ခုမှ နောင်တရတော့ရော ဘာတွေများလုပ်နိုင်ဦးမှာလဲ။

ရိပေါ် လည်း သက်ပြင်းချလိုက်ကာ ခုံတွင်သာ မှောက်အိပ်လိုက်သည်။မျက်ဝန်းမှလည်း မျက်ရည်တစက်ကာ လက်ခုံ ပေါ် သို့ကျသွားလေသည်။

ရှေ့တန်းက ယင်းလျန်ကတော့ ရိပေါ် ကိုကြည့်ကာ ပြုံးနေလေသည်။ခုဆိုရင် သူလိုချင်တဲ့အတိုင်း အရာရာဟာ ဖြစ်လာလေပြီ။တစ်ကျောင်းလူံးက ရိပေါ်နဲ့သူ့ကို အတွဲတွေလို့ ထင်သွားပြီလေ။ ရှောင်ကျန့်လို အရှူံးသမားကတော့ သူ့နေရာနဲ့သူဘဲနေရမှာပေါ့။

*ရိပေါ်ရယ် ခနဘဲခံစားရမှာပါ ငါ့အချစ်တွေက သူ့ထက်သာတယ်ဆိုတာ နင်သိလာမှာ ဟက် နောက်ဆုံးတော့ ရိပေါ်ကငါ့အပိုင်ပါဘဲ အဲ့လိုဖြစ်အောင်လည်း ငါကလုပ်မှာ*

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Où les histoires vivent. Découvrez maintenant