Unicode
နောက်ဆုံးတွင်တော့ အထက်တန်းရဲ့စာမေးပွဲကြီးဟာရောက်ရှိလာပြီဖြစ်သည်။
တစ်နှစ်လုံး စာမလုပ်ဘဲပျော်ပျော်ပါးပါးဘဲနဲ့ပလူးနေခဲ့တဲ့ ရှောင်ကျန့်လည်း ဖင်ကုန်းပြီး one subject one night လုပ်မဲ့အချိန်လို့လည်းပြောလို့ရပါသည်။အရင်ဘဝတုန်းကလည်း ဒီလိုသာယာရင်းအောင်ခဲ့တဲ့ ရှောင်ကျန့်တို့ကတော့ သိပ်ပြီးပူမနေပါဘူး။သူ့ကိုစာပြောပြပေးမဲ့ system boo booကလည်းရှိသေးတယ်လေ ဟဲဟဲ။ရှောင်ကျန့်ကစာသာမရတာ စာလည်းစိတ်မဝင်စားပါဘူး။
ဒါပေမယ့် သမိုင်းချိန်တွေဆိုရင်တော့ ရှောင်ကျန့်သိပ်စိတ်ညစ်ရတယ်။သူ့ဘာသူရှေးခေတ်ကဘုရင်တွေ အားယားပြီးနန်းလုတာရော နန်းတော်အတွင်းပြဿနာအရှုပ်အရှင်းတွေရော ယုတ်စွအဆုံးသူတို့မိန်းမယူတာကအစ ရှောင်ကျန့်တို့ကသင်နေရတယ်။ပြီးရင်စာမေးပွဲကစစ်လိုက်သေးတယ်။
ပြီးတော့ အဆိုပညာရှင်ကြီးတစ်ယောက်လည်းပြောထားသေးတယ်။လူတွေဆိုတာကိုယ့်သမိုင်းကိုယ်ရေးရမှာတဲ့။ရှောင်ကျန့်ကလည်း ပညာရှင်ကြီးရဲ့စကားကိုလိုက်နာတဲ့အနေနဲ့ သမိုင်းစာမေးပွဲမှာ ကိုယ့်အကြောင်းတွေကြီးပဲချရေးပေးလိုက်တာကို ရှောင်ကျန့်ကို ကျတယ်တဲ့။မိဘတောင်ခေါ်လိုက်သေးတယ်။တကယ်ပဲ လူတွေကခက်တယ်။ရှောင်ကျန့်အတွက်တော့ စာတွေကပိုတောင်ခက်သေးတယ်။
အခုကတော့ရှောင်ကျန့်တစ်ယောက် မနက်ဖြန်စာမေးပွဲအတွက် မျက်နှာပေါ်စာအုပ်တင်ရင်းအိပ်မဲ့အစီအစဥ်ကို အဲ မှားလို့ မျက်နှာနဲ့စာအုပ်ကပ်ပြီး အပီအပြင်စာကြိုးစားမဲ့အစီအစဥ်ကိုအကောင်အထည်ဖော်နေတာဖြစ်သည်။ဒါပေမယ့်ထုံးစံအတိုင်းပဲ စာအုပ်နဲ့မျက်နှာကပ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်သွားတဲ့ရှောင်ကျန့်ဟာ မနက်မိုးစင်စင်လင်းမှပဲ နိုးလာခဲ့ပါတယ်။
ဒါကလည်းသူ့systemရဲ့ ငှက်ဆိုးထိုးနိုးသံကြောင့်သာဖြစ်သည်။တကယ်ပါပဲ ရိပေါ်လေးရဲ့အသံဆိုနားဝင်ကိုချိုနေတာပဲ။ကွာချက်။တစ်ညလုံးစာလုပ်မယ်ဆိုတဲ့အကြံအစည်ဟာလည်း ရေစုံမြောသွားတာကြောင့် boo booကိုပဲအားကိုးရတော့မည်သာဖြစ်သည်။
VOCÊ ESTÁ LENDO
ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]
RomanceAuthor-Pai Lian Hua , NayYwon အထက်တန်းကျောင်းသားလေးဖြစ်တဲ့ ရှောင်ကျန့်တစ်ယောက် ဖတ်လတ်စ Novelထဲ ဝင်ရောက်သွားတဲ့အခါ...
![ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]](https://img.wattpad.com/cover/287875256-64-k854966.jpg)