(5)သတ္တိခဲလေး

6K 594 14
                                    

Unicode

Englishဆရာခမျာ ရှောင်ကျန့်ကြောင့် ခေါင်းစားနေရလေသည်။

"ဒါဆို ဘသူနဲ့သင်မှာလဲ မင်းကငါပြောသမျှ အကုန်ငြင်းနေတယ်"

"ဆရာ ဝမ်ရိပေါ် တစ်ယောက်လုံးကျန်သေးတာကို လာနောက်နေတာလား"

ရှောင်ကျန့်အပြောကြောင့် Englishဆရာသာမက တတန်းလူံး အံ့သြသွားလေသည်။ဝမ်ရိပေါ် က ချောပေမဲ့ ချေလွန်းတာကြောင့် အချေမင်းသားဟုတောင် နာမည်ပြောင်ရှိသည်။ ဒါကြောင့် သူတိူ့မှာ ဝမ်ရိပေါ် နဲ့တော့ ဘယ်တော့မှ မသင်ချင်ကြပေ ဘာကြောင့်ဆိုတော့ ဘေးနားတွင် ခဲသွားနိုင်တာကြောင့် ဖြစ်သည်။Englishဆရာမှာလည်း ဝမ်ရိပေါ် နဲ့ ရှောင်ကျန့် ကီးမကိုက်နိုင်တာကြောင့် ဝမ်ရိပေါ် ရဲ့နာမည်ကို မပြောတာဖြစ်သည်။

ဝမ်ရိပေါ် ကတော့ ပထမဆုံးအနေနဲ့ သူ့နဲ့စာလုပ်ချင်သည်ဆိုတဲ့ ကောင်လေးကို တချက်ကြည့်လိုက်လေသည်။သူက ရုပ်ချောပြီး စာတော်လို့ ကျောင်းမှာ Kingအဖြစ်နာမည်ကြီးပေမဲ့ သူ့ကိုတော့ ဘသူမှလာစကားမပြောရဲပေ။ဒီကောင်လေးကတော့ ထူးထူးဆန်းဆန်းပေ အရင်ကအရမ်းဆိုးပြီး ချောတယ်ဆိုတာကြောင့် သူနာမည်တော့ကြားဖူးလေသည်။

အခုတော့ ကြားသမျှနဲ့ မြင်ရပုံဟာ မတူသလိုပေ။တူတာတခုကတော့ ကြည့်လိုက်တာနဲ့ စာညံ့တာမှန်းသိသာလေသည်။ထို့နောက် ထိုကောင်လေး၏ နာမည်ကဒ်ကို တခါပြန်ကြည့်လိုက်တော့ ရှောင်ကျန့်ဟု ရေးထားလေသည်။ သူ့အတွက်တော့ ပထမဆုံး နာမည်မှတ်လိုက်သည့် ကောင်လေးတစ်ယောက်ဖြစ်သည်။(အယ်ကိုကြီး သူများကလေးကို တအားနှိမ်တာဘဲ😒)

"သား ဝမ်ရိပေါ်  ရှောင်ကျန့်ကို သင်ပေးနိုင်လား"

"ဟုတ်ကဲ့ ရပါတယ်"

"ဒါဆို အချိန်တော့ မင်းတို့ချင်းညှိလိုက်ပေါ့ ရှောင်ကျန့် နောက်တခါငါဘဲဥ မမြင်ချင်ဘူးနော်"ထို့နောက် ဆရာမှ ဝမ်ရိပေါ် အား အားတဲ့အချိန်သင်ပေးရန် ပြောလိုက်လေသည်။ထို့နောက် နေ့လည်စာစားချိန်ရောက်ပြီ ဖြစ်၍ အတန်းဆင်းတော့သည်။ရှောင်ကျန့်ကတော့ ခုံမှမထဘဲ ပါလာတဲ့ မုန့်များကိုထုတ်စားနေလေသည်။

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Where stories live. Discover now