(14) ပုဇွန်ခေါင်းစူးခြင်း

5.7K 518 15
                                        

Unicode

ထိုလူ တဖြည်းဖြည်းနီးလာချိန်တွင် တွေ့လိုက်ရတာကတော့ မျက်နှာအစိတ်အပိုင်းတွေမပါဘဲ ဗြောင်မျက်နှာကြီးသားရှိတဲ့ လူတစ်ယောက်ဖြစ်လေသည်။ရှောင်ကျန့်မှာလည်း အသည်းနုတာကြောင့် အားကနဲ အော်ကာ မေ့လဲသွားလေသည်။

ရှောင်ကျန့်အော်သံဟာ အထက်ဘုံ အောက်ဘုံကြားနိုင်လောက်တဲ့အထိ ကျယ်တာကြောင့် ချင်းစီဟွာတိူ့သာမက ဝမ်ရိပေါ် ​ပါကြားလေသည်။ဝမ်ရိပေါ် ကတော့ သူ့စိတ်အလိုအရ သူ့ဘာသာမသိလိုက်ဘဲ ရှောင်ကျန့်ကို လိုက်ရှာမိနေတာဖြစ်သည်။

ရှောင်ကျန့်အော်လိုက်ချိန်တွငိ ဝမ်ရိပေါ်ဟာ ရှောင်ကျန့်နဲ့ နီးတဲ့ နေရာနားရောက်နေတာကြောင့် အသံကြားကာ အသံလာရာဘက်သိူ့ ပြေးသွားလေသည်။ထိုနေရာသိူ့ရောက်ချိန်တွင် တွေ့လိုက်ရတာကတော့ သစ်ပင်ကြီးအောက်မှာ မေ့လဲနေတဲ့ ရှောင်ကျန့်ကိုသာ ဖြစ်သည်။

ဝမ်ရိပေါ် လည်း ရှောင်ကျန့်ကိုမချီလိုက်ကာ စခန်းချရာနေရာသိူ့ပြန်လာလေသည်။ချင်းစီဟွာတိူ့အဖွဲ့နဲ့လည်း လမ်းတွင်တွေ့တာကြောင့် ၅ယောက်မှာအတူတူပြန်လာကြသည်။ထို့နောက် ရှောင်ကျန့်ကိုတော့ ရွက်ဖျင်တဲထဲပို့ထားလိူက်လေသည်။

တခနအကြာ ရှောင်ကျန့်နိုးလာပြီး

*နေပါဦး ငါခုဘယ်မှာလဲ ငါ့ကိုသရဲစားတော့မှာလား ငါ့အသားက မချိုရပါဘူး ခွေးသားကပိုချိုပါတယ် ဝူး ဝူး*

လျန်ဟွားကတော့ ရှောင်ကျန့် ပါးစပ်လှုပ်တာကို မြင်လိုက်တာကြောင့်

"ရှောင်ကျန့်သတိရပြီလား"

*ငါအခု ဟွားဟွားရဲ့အသံကိုကြားလိုက်ရတာလား*

"ကျန့်ကျန့် ထတော့ မင်းသတိရလည်း"

*အဲ စီဟွာရဲ့အသံလည်းကြားနေရပြန်ပြီ သရဲကအကုန်လုံးကိုဖမ်းလာတာလား*

ထိုအချိန် အထက်မှ အစည်းအဝေးပြီးလို့ ပြန်ရောက်လာတဲ့ Boo booကတော့ ဖြစ်ပျက်နေသမျှကို ပြန်သိရပြီး သွေးတက်ချင်သွားသည်။

[Host မျက်လူံးလေး ဖွင့်ကြည့်ဦး]

[အဲ Boo booပြန်ရောက်ပြီလား]

ဝမ်ရိပေါ် က ငါ့အပိုင် (Transmigration) [Completed]Tempat cerita menjadi hidup. Temukan sekarang